ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်ဦးရေ ၁၄ဝ စစ်တွေမြို့ပေါ်သို့ ထပ်မံရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၁၄ / ၂ဝ၂ဝ

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်ဦးရေ ၁၄ဝ သည် မတ်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် စစ်တွေမြို့ရှိ အလိုတော်ပြည့်ကျောင်းတိုက်သို့ ထွက်ပြေးခိုလှုံ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ရောက်ရှိလာကြသည့် ကျေးရွာသားများမှာ မညှင်းတောင်၊ ကျောက်ရံ၊ ငစံဘော်နှင့် အောင်မြေကုန်းကျေးရွာများမှ ဖြစ်ကြပြီး ၄င်းကျေးရွာများအနီး ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားမှု၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်မှု၊ ဝင်ရောက် စစ်ဆေးမှုများရှိသည့်အတွက် ရွာထဲ၌ မနေရဲဘဲ ထွက်ပြေးလာကြောင်း စစ်တွေမြို့ပေါ်သို့ ခိုလှုံလာသူ စစ်ဘေးရှောင်များက ပြောသည်။

မညှင်းတောင်ကျေးရွာမှ စစ်ဘေးရှောင်လာသူ ဒေါ်ဦးသန်းခင်က̏ တိုက်ပွဲတွေက ရွာနားမှာ ဖြစ်နေလို့ ကျမတို့ ကြောက်လို့ပြေးလာတာပါ။ မြန်မာ့တပ်မတော်ဖက်က တိုက်ပွဲဖြစ်ရင်လည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရွာထဲကို ပစ်တာတွေရှိတယ်။ တိုက်ပွဲမဖြစ်ရင်လည်း တောင်တန်း တွေက နေပြီးတော့ ပစ်နေတယ်။ အဲဒါကြောင့် ကျမတို့က ကြောက်လို့ ပြေးလာတာပါ” ပြောသည်။

အလိုတော်ပြည့်ကျောင်းတိုက်သို့ ခိုလှုံရန်ရောက်ရှိလာသော စစ်ဘေးရှောင်များမှာ အိမ်ထောင်စု ၃၄ စုရှိပြီး အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၈၇ ဦးတို့ ဖြစ်ကြပြီး စုစုပေါင်း ၁၄ဝ ဦးရှိကြောင်း သိရှိရသည်။

၄င်းစစ်ဘေးရှောင် စခန်းတွင် စားဝတ်နေရေး အကူအညီများ လိုအပ်နေသည်ဟုလည်း သိရှိရသည်။

-------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၁၄ / ၂ဝ၂ဝ






ဆက်စပ် သတင်းများ