ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရန်ကုန်ရောက် ဘီတွတ်သာရေးနာရေးအသင်းမှ ရခိုင်စစ်ရှောင်များအတွက် ဆန်အိတ် ၅ဝဝ လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 7.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၂၆/ ၂ဝ၂ဝ

ရန်ကုန်မြို့ပေါ်တွင် အခြေချနေထိုင်နေကြသည့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဘီတွတ်သူ၊ ဘီတွတ်သား များဖြင့် ဖွဲ့စည်းထားသည့် ဘီတွတ်သာရေးနာရေးအသင်း ရခိုင်ပြည်နယ်၊ စစ်ရှောင်များအတွက် ဆန်အိတ် ၅ဝဝ လှူုဒါန်းကြောင်း သတင်း ရရှိသည်။ 

၎င်းအသင်း၏ ဦးဆောင်ဆရာတော် ဘဒ္ဒန္တနာဒရနှင့် အသင်းသူ/ အသင်းသားများ၊  စေတနာရှင် တကာ/ တကာမများ စုပေါင်း၍ လှူးဒါန်းခြင်း ဖြစ်ကြောင်း၊ ၎င်းဆန်အိတ်များကို စစ်တွေပေါ်နှင့် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောစခန်းများသို့ ကူညီထောက်ပံ့ပေးသွားမည်ဟု စစ်တွေမြို့ အလိုတော်ပြည့် ကျောင်းထိုင် ဆရာတော် ဦးပညာဇောတက မိန့်ကြားသည်။ 

ဆရာတော် ဦးပညာဇောတက“ကမ္ဘာ့သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့် ဆရာတော်ကြီးအား ဦးထိပ်ထားပြီး လာရောက်လှူဒါန်းကြတာပါ။ ဦးဇင်းတို့ စာရင်းအရ စစ်တွေမြို့ပေါ်က ဘုန်းကြီးကျောင်း ၂၁ ကျောင်းကိုတော့ ဦးဇင်းက စီမံခန့်ခွဲပြီးတော့ လှူလိုက်တယ်။ ဥပမာအားဖြင့် လူဦးရေ ၁ဝဝ အောက်ရှိတဲ့ ကျောင်းကို ၉ အိတ်၊ လူဦးရေ ၁ဝဝ နှင့် ၂ဝဝ ကြားဆိုရင် ၁ဝ အိတ်၊ ၂ဝဝ အထက်ဆိုရင် ၁၅ အိတ် အဲလို့မျိုး အချိုးကျ ခွဲပြီးတော့ စစ်တွေမြို့အတွက် ဆန်အိတ် ၂၅ဝ ကို လှူးဒါန်ခဲ့တယ်။ ကျန်တဲ့ ၂၅ဝ ကိုတော့ ရသေ့တောင်မြို့ပေါ် စစ်ရှောင်စခန်းများသို့ လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

စစ်တွေမြို့ပေါ်အတွက် ဆန်အိတ် ၂၅ဝ ကို ဇွန်လ ၂၄ ရက် နေ့လယ် ၁၂ နာရီ အချိန်ခန့်က လှူဒါန်းရာ စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများနှင့် ဆရာတော်သံဃာတော်များက တက်ရောက် လက်ခံခဲ့ကြောင်း သိရှိရသည်။

ဘီတွတ်အသင်းမှ စာရင်းစစ် ကိုသိန်းဇော်က “ ရခိုင်ပြည်၊ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းအသီးသီးမှာ ဒုက္ခသည်တွေ ရောက်နေတယ်ဆိုတာကို ကြားသိနေရတဲ့အတွက် ကျနော်တို့ဖက်ကလည်း တတ်နိုင် သလောက် လာပြီးတော့ ကူညီရတာဖြစ်တယ်။ ကျနော်တို့ အမြင်ပြောရမယ်ဆိုလိုရှိရင် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေ ဒီလို အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့နေရတာကို မဖြစ်စေချင်ဘူး။ တိုင်းပြည် အေးအေး ချမ်းချမ်းဘဲ ဖြစ်စေချင်တယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေး ဘုန်းတော်ကြီးများတွင် စားရေးသောက်ရေး အခက်အခဲ ဖြစ်နေသဖြင့် ယခုကူညီမှုအတွက် ကျေးဇူးတင်ကြောင်း စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် စခန်း တာဝန်ရှိသူများက ပြောကြားသွားသည်။ 


ဆက်စပ် သတင်းများ