ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဖမ်းဆီးထားသည့် ပလက်ဝအမတ် ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးရန် NLD ပါတီ တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.5k

စိုးဇံအောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၉ / ၂ဝ၁၉

ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က ယနေ့တွင် ကြေညာချက် တစ်စောင်ထုတ်ပြန် တိုက်တွန်းလိုက်သည်။

ထိုကြေညာချက်ထဲတွင် ဦးဝှေ့တင်းသည် ချင်းပြည်နယ်ဒေသခံပြည်သူများက မဲပေးရွေးချယ်ထားသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း၊ ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ ငြိမ်းချမ်းရေးကြိုးပမ်းနေမှုကို အနှောင့်အယှက်ဖြစ်စေသည့်အဖြစ်အပျက်တစ်ခုဖြစ်ကြောင်း နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဖော်ပြပါရှိသည်။

တရားမျှတမှု မရှိသည့် ဖမ်းဆီးမှုဖြစ်သဖြင့် ထိုလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း၊ ဒေသခံပြည်သူများနှင့် ဦးဝှေ့တင်း၏ မိသားစုဝင်များ၏ စိုးရိမ်ပူပန်နေမှုကို ထောက်ထားပြီး ဖမ်းဆီးထားသည့် ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် အိန္ဒိယနိုင်ငံသား ငါးဦး၊ စကားပြန် နှစ်ဦးနှင့် Speed Boat မောင်းသမား နှစ်ဦးတို့သည် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်တွေမြို့သို့ Speed Boat နှစ်စီးဖြင့် ကုလားတန်မြစ်အတိုင်း ဆင်းလာရာ ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားခြင်းဖြစ်သည်။

“အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေ့တင်းကို ကျနော်တို့ ဒီ လုံခြုံရေးအရ စစ်ဆေးစရာတွေ ရှိနေသေးတဲ့အတွက် ဆက်ပြီးတော့ ထိန်းသိမ်းထားတယ်။ သူက ဗမာစစ်တပ်နဲ့ပေါင်းပြီးတော့ ကျနော်တို့ AAရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့အတွက် ခမီ လူငယ်လေးတွေကို စုပြီးတော့ သူလျှို့ဝှက်ဖွဲ့စည်းပြီးတော့ လုပ်နေတာတွေရှိတယ်”ဟု နိုဝင်ဘာလ ၄ ရက်နေ့က ဆက်သွယ်မေးမြန်းစဉ် ခိုင်သုခက ပြောဆိုထားသည်။

ဖမ်းဆီးခံခဲ့ရသူများအနက် အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်သည့် Vinoo Gopal ဆိုသူမှာ အသက်ရှူမွန်း ကြပ်ကာ ရုတ်တရက်အမောဖောက်သေဆုံးခဲ့ကြောင်း၊ ဦးဝှေ့တင်းမှအပ ကျန်သူများကို နိုဝင်ဘာလ ၄ နံနက် ၅ နာရီ ၄၅ မိနစ်တွင် AA က ပြန်လွှတ်ပေးလိုက်ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးထားသည့် အရပ်သား သုံ့ပန်းမှာ ဦးဝှေ့တင်းတစ်ဦးသာ ကျန်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်း ထုတ်ပြန်ခဲ့သည်။

-------------------------

Unicode Version


နိရဉ်စရာ၊ နိုဝငျဘာ ၉ / ၂ဝ၁၉







ဆက်စပ် သတင်းများ