သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တပ်က ဖမ်းဆီးထားသူ ၁ဝ ဦး အမ်းရဲစခန်းသို့လွဲပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၂ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့မှ ဖမ်းဆီးခံထားရသူ ၁ဝ ဦးကို စစ်တပ်က အမ်းမြို့ရဲစခန်းသို့ ယမန်နေ့က လွဲပြောင်းပေးလိုက်သည်ဟု သတင်းရရှိသည်။

လွဲပြောင်းခံရသူ ၁ဝ ဦးမှာ မြေပုံမြို့နယ် ယောချောင်းရွာသာယာက ၅ ယောက်၊ အမ်းမြို့နယ် သလူမော်က ၂ ယောက်နှင့် ရူးရွာမှ တစ်ယောက်နှင့် မြေပုံမြို့နယ် ပိန္နဲတောင်မှ နှစ်ယောက်တို့ ဖြစ်ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။

ယောချောင်းရွာသာယာကျေးရွာမှ ဦးတင်မြင့်(၅ဝ)နှစ်၊ ဦးမောင်သန်းမြင့်(၃၈)နှစ်၊ ဦးခင်မောင်လေး(၄၉)နှစ်၊ ဦးတင်မောင်ညွန့်(၃၄)နှစ်နှင့် ဦးမောင်တင်မြင့်(၅ဝ)နှစ်တို့ကို နိုဝင်ဘာ ၁ဝ ရက်နေ့က စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်နေ့က အမ်းမြို့နယ် ရူးကျေးရွာမှ ထွန်းသိန်းဝင်း (၃၂) နှစ်၊ အမ်းမြို့နယ် ကဏန်းပြင် ကျေးရွာအုပ်စု- သလူမော်ကျေးရွာမှ သိန်းကျော်ထွန်း (၃ဝ)နှစ်နှင့် ဦးသန်း (၂၃)နှစ်၊ မြေပုံမြို့နယ် ကျောက်ဖျာ အုပ်စု - ပိန္နဲတောင်ကျေးရွာမှ တင်ရွှေသန်း (၂၇) နှစ်နှင့် လှထွန်းချေ(ခ) ငလုံး (၃၂) နှစ်တို့ကို ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာစဉ် အမ်းမြို့နယ် ရေဘုတ်ကျေးရွာအနီးမှ စစ်ကြောင်း တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

သူတို့အား မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှု ဥပဒေများဖြင့် တရားစွဲဆိုရန် စီစဉ်နေကြောင်း ကြားသိရသည်။

-------------------------

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၂ဝ/ ၂ဝ၁၉






ဆက်စပ် သတင်းများ