ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် လူသေအလောင်း ၄ လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၆ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် လူသေအလောင်း ၄ လောင်းတွေ့ရှိရကြောင်း သတင်းရရှိသည်။

အလောင်း လေးလောင်းအနက် ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် မင်းပြားမြို့နယ် မေလွမ်းကျေးရွာအုပ်စု အထက်ငှက်ပျောချောင်း ကျေးရွာမှ ဦးခက်မောင်(၅၄)နှစ်၏အလောင်းကို ၄င်း၏နေအိမ်အနီး ရန်ကုန်- စစ်တွေကားလမ်းအောက် ခြုံပုတ် ထဲတွင်တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း မေလွမ်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ဦးခက်မောင်က ဇန်နဝါရီ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပျောက်နေတာပါ။ ဒီနေ့ သူ့အလောင်းကို သူ့အိမ်နဲ့ မနီးမဝေး ကားလမ်းအောက်ကခြုံပုတ်မှာ ရင်ဘတ်ကျည်ဆံထိမှန်ပြီး သေဆုံးပြီးသားတွေ့တာပါ။ အဲဒီနေ့တည်းက သေတာနဲ့တူပါတယ်”ဟု ၄င်းက ပြောသည်။

ကျန်သုံးလောင်းအား ဇန်နဝါရီ ၁၅ ရက်နေ့ ညနေ ၄ နာရီကျော်တွင် မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာနှင့် နှစ်မိုင်အကွာ ဖားပြိုတောင်ခြေရင်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“အလောင်းသုံးလောင်းတွေ့တယ်လို့မနေ့ညက သိရတယ်။  အလောင်းတွေက ဘယ်သူဘယ်ဝါ မသိရသေးဘူး”ဟု အတည်ပြု ပြောသည်။

မင်းပြားမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက အလောင်းတွေ့ရှိခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“အလောင်းတွေ ဒီအတိုင်းရှိသေးတယ်လို့ကြားတယ်။ ကျွန်တော်တို့လည်း သွားဖို့ အဆင်မပြေသေးပါဘူး” ဟု ၄င်းက ပြောသည်။

မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီးတိုက်ပွဲများဖြစ်ပွားခဲ့သည့်နေ့တွင် ကျောင်းတောင်ကျေးရွာအုပ်စု ကမ်းနီကျေးရွာမှ ကိုဇော်ဝင်းသိန်း (၂၈)နှစ်လည်း ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောသည်။

“ကျွန်မတူလေးက မင်းပြားကနေ ကားပစ္စည်းဝယ်ပြီး ပြန်လာတာပါ။ သူအိမ်ပြန်လာနေတာကို ဖုန်းဆက်ခဲ့ပါတယ်။ မေလွမ်းနားမှာ သူ့ဆိုင်ကယ်တွေ့တယ်လို့သတင်းရလို့ သွားကြည့်ပါသေးတယ်။ လူကပျောက်နေလို့ သက်ဆိုင်ရာတွေကို ဆက်သွယ်ထားပါတယ်။ ကျွန်မတူလေးကိုပြန်တွေ့ချင်ပါတယ်။ အခုတွေ့တဲ့အလောင်းတွေမှာသူပါ/မပါ မနက်ဖြန်သွားကြည့်ပါမယ်။ အခုလမ်းတွေက သွားလို့အဆင်မပြေသေးပါဘူး”ဟု ပြောသည်။

အဆိုပါ အလောင်းများအားသယ်ယူရန် မင်းပြားမြို့နယ် နာရေးကူညီရေးအသင်းအား ဆက်သွယ်ထားကြောင်း ဒေသခံများမှ သိရသည်။

--------------------------------

Unicode:


မင်းပြားမြို့နယ်တွင် လူသေအလောင်း ၄ လောင်းတွေ့ရှိ

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၆ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် လူသေအလောင်း ၄ လောင်းတွေ့ရှိရကြောင်း သတင်းရရှိသည်။

အလောင်း လေးလောင်းအနက် ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် မင်းပြားမြို့နယ် မေလွမ်းကျေးရွာအုပ်စု အထက်ငှက်ပျောချောင်း ကျေးရွာမှ ဦးခက်မောင်(၅၄)နှစ်၏အလောင်းကို ၄င်း၏နေအိမ်အနီး ရန်ကုန်- စစ်တွေကားလမ်းအောက် ခြုံပုတ်ထဲတွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မေလွမ်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ဦးခက်မောင်က ဇန်နဝါရီ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပျောက်နေတာပါ။ ဒီနေ့သူ့အလောင်းကို သူ့အိမ်နဲ့ မနီးမဝေး ကားလမ်းအောက်ကခြုံပုတ်မှာ ရင်ဘတ်ကျည်ဆံထိမှန်ပြီး သေဆုံးပြီးသားတွေ့တာပါ။ အဲဒီနေ့တည်းက သေတာနဲ့တူပါတယ်”ဟု ၄င်းက ပြောသည်။

ကျန်သုံးလောင်းအား ဇန်နဝါရီ ၁၅ ရက်နေ့ ညနေ ၄ နာရီကျော်တွင် မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာနှင့် နှစ်မိုင်အကွာ ဖားပြိုတောင်ခြေရင်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“အလောင်းသုံးလောင်းတွေ့တယ်လို့မနေ့ညက သိရတယ်။  အလောင်းတွေက ဘယ်သူဘယ်ဝါ မသိရသေးဘူး”ဟု အတည်ပြု ပြောသည်။\

မင်းပြားမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက အလောင်းတွေ့ရှိခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“အလောင်းတွေ ဒီအတိုင်းရှိသေးတယ်လို့ကြားတယ်။ ကျွန်တော်တို့လည်း သွားဖို့ အဆင်မပြေသေးပါဘူး” ဟု ၄င်းက ပြောသည်။

မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီးတိုက်ပွဲများဖြစ်ပွားခဲ့သည့်နေ့တွင် ကျောင်းတောင်ကျေးရွာအုပ်စု ကမ်းနီကျေးရွာမှ ကိုဇော်ဝင်းသိန်း (၂၈)နှစ်လည်း ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောသည်။

“ကျွန်မတူလေးက မင်းပြားကနေ ကားပစ္စည်းဝယ်ပြီး ပြန်လာတာပါ။ သူအိမ်ပြန်လာနေတာကို ဖုန်းဆက်ခဲ့ပါတယ်။ မေလွမ်းနားမှာ သူ့ဆိုင်ကယ်တွေ့တယ်လို့သတင်းရလို့ သွားကြည့်ပါသေးတယ်။ လူကပျောက်နေလို့ သက်ဆိုင်ရာတွေကို ဆက်သွယ်ထားပါတယ်။ ကျွန်မတူလေးကိုပြန်တွေ့ချင်ပါတယ်။ အခုတွေ့တဲ့အလောင်းတွေမှာသူပါ/မပါ မနက်ဖြန်သွားကြည့်ပါမယ်။ အခုလမ်းတွေက သွားလို့အဆင်မပြေသေးပါဘူး”ဟု ပြောသည်။

အဆိုပါ အလောင်းများအားသယ်ယူရန် မင်းပြားမြို့နယ် နာရေးကူညီရေးအသင်းအား ဆက်သွယ်ထားကြောင်း ဒေသခံများမှ သိရသည်။

ဆက်စပ် သတင်းများ