သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့ထဲမှ အရာခံဗိုလ်တစ်ဦး ဖမ်းခေါ်ခံရသတင်းကြောင့် စျေးဆိုင်များပိတ်ကာ၊ မြို့တစ်ခုလုံးတိတ်ဆိတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၁၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့စျေးကြီးမှ ဟင်းသီးဟင်းရွက် စျေးတန်းတွင် တပ်မတော်မှ အရာခံဗိုလ်တစ်ဦးအား ရက္ခိုင့်တပ်တော် (AA) က ဖမ်းခေါ်သွားသည်ဆိုသော သတင်းထွက်ပေါ်လာပြီးနောက် စျေးဆိုင်များပိတ်ကာ လမ်းများပေါ်တွင် လူသူ အသွားအလာ ကင်းမဲ့လျက်ရှိကြောင်း သတင်းရရှိသည်။

“ တိတိကျကျတော့ မပြောတတ်ဘူး။ သတင်းတွေက ဒီလို ဖြစ်နေတယ်။ တပ်က အရာခံ ဗိုလ်တစ်ဦးကို ဖမ်းခေါ်သွားတယ်ဆိုပြီး သတင်း ဖြစ်နေတဲ့ အတွက် လူတွေက နေ့လယ် ၁ နာရီလောက်ကနေ ဆိုင်တွေကို ပိတ်လိုက်တယ်။ အိမ်ခြံ တံခါးဝများကို ပိတ်လိုက်ကြတယ်။ မြို့တစ်ခုလုံး အသွားအလာ မရှိသလောက် ဖြစ်နေပြီး တိတ်ဆိတ်နေပါတယ်။ လမ်းပေါ်မှာ လူသွားလူလာမဲ့လျက်ရှိပါတယ်” ဟု မြောက်ဦး ဒေသခံ တစ်ဦးက ပြောကြားသည်။

လက်ရှိ ည ၈ နာရီ အချိန်ထိလည်း မြို့မှာ တိတ်ဆိတ်နေကြောင်း တစ်ခြားမြို့မိ မြို့ဖ တစ်ဦးကလည်း ပြောကြားသည်။

၎င်းက “ ဒီနေ့ နံနက် ၁၁ နာရီက ဖမ်းခေါ်သွားတယ်လို့ ပြောတယ်။ အရာခံဗိုလ်လား၊ တပ်ကြပ်ကြီးလား ကျွန်တော်တို့လည်း တိတိကျကျ မသိဘူး။ အခုက တစ်မြို့လုံး တိတ်ဆိတ်နေတယ်။ လူတွေက လုံခြုံရေး စိုးရိမ်ပြီး နေ့ခင်းကတည်းက လမ်းပေါ်မှာ လူသွား လူလာမရှိ ဖြစ်နေပါတယ်။ အခု တစ်မြို့လုံး တိတ်နေပါတယ်” ဟု ပြောကြားသည်။

ယခုကဲ့သို့ တပ်ဘက်က အရာရှိ တစ်ဦး ဖမ်းခေါ်ခံရကြောင်း သတင်းဖြစ်ပေါ်နေသော်လည်း တပ်မတော် ပြောခွင့်ရသူများနှင့် အဆက်အသွယ်မရရှိသေးသဖြင့် နိရဥ္စရာ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

(ဓာတ်ပုံ- ယနေ့ ညနေပိုင်းက မြောက်ဦးမြို့ထဲ ၊ သွားလာသူ မရှိဖြစ်နေ။)

-----------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၁၆/ ၂ဝ၂ဝ








ဆက်စပ် သတင်းများ