အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

၈ရက်ကြာ ပျောက်ဆုံးနေခဲ့သည့် ကမ်းနီကျေးရွာမှ လူငယ်တစ်ဦး၏ အလောင်းတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာမှ  ပျောက်ဆုံးနေသူ ကျေးရွာသား လူငယ်တစ်ဦး၏ အလောင်းအား ယနေ့ နံနက်က တွေ့ရှိကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောင်းတောင်အုပ်စု၊ ကမ်းနီကျေးရွာမှ မောင်ဇော်ဝင်းသိန်း (၂၈)နှစ်ဖြစ်ပြီး ၄င်း၏အလောင်းအား ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် မေလွမ်းကျေးရွာအနီး ဇောက်ချောင်းအုန်းတောထဲတွင် ပုတ်ပွသေဆုံးလျက်တွေ့ ရှိခဲ့ခြင်ဖြစ်သည်ဟု ဖခင်ဖြစ်သူကပြောသည်။

 “ကျွန်တော့သားအလောင်းကို ပြန်တွေ့ပါပြီ။ ညာဘက်နံကိုင်းဘက်ကနေ အပေါက်တစ်ပေါက်တွေ့တယ်။ ဦးခေါင်း တစ်ခုလုံးကြေမွနေတယ်။ နှိပ်စက်ထားပြီး သတ်ထားခဲ့ကြတာထင်ပါတယ်။ ပြည်သူတွေကို အခုလို မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်”ဟု ဖခင်ဖြစ်သူ ဦးသိန်းဖေက နိရဥ္စရာသတင်းဌာနအားပြောသည်။

အဆိုပါ အလောင်းအား မင်းပြားမြို့နယ် ကမ်းနီကျေးရွာ၏ သုဿာန်သို့ ကားဖြင့် ယူဆောင်လာပြီး ယနေ့ညနေ ပိုင်းတွင် ဂူသွင်းသင်္ဂြိုဟ်လိုက်ပြီဟု သိရသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က“ အလောင်းပြန်တွေ့တာဟုတ်တယ်။ မိသားစုဆီက အခုပဲ ဖုန်းဝင်လာတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ သူတို့ သင်္ဂြိုဟ်ဖို့လုပ်နေတယ်လို့ပြောတယ်။ ဓာတ်ပုံတွေရိုက်ထားပြီး သေမှု၊ သေခင်းနဲ့ အမှုဖွင့်သွားမယ်လို့ ပြောတယ်”ဟု ပြောသည်။

သေဆုံးသွားသူ မောင်ဇော်ဝင်းသိန်းမှာ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က မင်းပြားမြို့ပေါ်မှ ကားပစ္စည်းများ ဝယ်ယူ၍ အပြန်တွင် မေလွမ်းကျေးရွာ ဇောက်ချောင်းအနီးတွင် ပျောက်ဆုံးပြီး ယခုကဲ့သို့ သေဆုံးလျက်တွေ့ရှိခြင်း ဖြစ်သည်။

အဆိုပါ အနီးဝန်းကျင်တွင် ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှ ၁ဝ နာရီနီးပါးထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရဟတ်ယာဉ်များဖြင်ပါ တိုက်ခိုက်များရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့နေ့လယ်တွင်လည်း မြေပုံမြိုနယ်၊ ညောင်ကန်ကျေးရွာမှ ၁ဝ လသား အရွယ်ကလေးငယ်တစ်ဦးသည် လည်း မင်းပြားမြို့နယ်၊ မေလွမ်းချောင်းအတွင်းတွင် မိဘများနှင့်အတူ ဟွန်ဒါ စက်လှေဖြင့် အိမ်ပြန်လာစဉ် ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့သည်။

-------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၁၈/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ