ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်ကျ၍ အစ်မဖြစ်သူသေဆုံးပြီး ဒဏ်ရာရရှိထားသည့် ညီမဖြစ်သူကို ပိတ်မိနေသည့်ကြားထဲက စစ်တွေဆေးရုံသို့ ယူဆောင်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3k

သန့်မြတ်ခိုင်
နိရဥ္စရာ၊ မတ် ၁၂/ ၂ဝ၂ဝ

အောင်သာယာကျေးရွာမှ နေအိမ် ဗုံးခိုကျင်းထဲ လက်နက်ကြီးကျည်ကျပြီး ဒဏ်ရာရရှိသွားသူ မရီရီသန်း (၁၅) နှစ်ကို ပိတ်မိနေသည့် တိုက်ပွဲကြားမှ ကျောက်တော်မြို့နယ် ဆေးရုံသို့ ယူဆောင်လာခဲ့ပြီး ယခု တစ်ခါ ကျောက်တော်ကနေ စစ်တွေဆေးရုံသို့ ဆက်လက် ယူဆောင်လာသည်ဟု သတင်းရရှိသည်။

မတ်လ ၁ဝ ရက်နေ့ ညနေက အောင်သာယာရွာထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဗုံးခိုကျင်းတွင် ပုန်းအောင်နေကြသည့် မနိုင်နိုင်သန်း (၂ဝ) နှစ်မှာ ပွဲချင်းပြီး သေဆုံးကာ ညီမဖြစ်သူ မရီရီသန်း (၁၅) နှစ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။

ထိုသို့ ဒဏ်ရာရရှိသွားပြီးနောက် ကုလားတန်မြစ်ကြောင်း တစ်လျှောက် သေနတ်ပစ်ခတ်မှုများ ရှိနေသဖြင့် မရီရီသန်းအား မီးဝကျေးရွာသို့ ယူဆောင်ခဲ့ရပြီး မတ်လ ၁၁ ရက်နေ့က မီးဝမှ တစ်ဆင့်  ကုန်းလမ်းခရီးဖြင့် ထမ်းပိုးပြီး သယ်ယူလာစဉ် လမ်းတွင်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လူနာအား မွန်းထောင့်ကျေးရွာတွင် ပုန်းခိုနေခဲ့ကြရသည်ဟု  အစ်ကိုတော်စပ်သူ ကိုအောင်စိုးသာက ပြောသည်။

ယနေ့တွင် မွန်ထောင့်ကျေးရွာမှ စက်လှေဖြင့် ကျောက်တော်သို့ ယူဆောင်လာခဲ့ပြီး အခြေအနေ စိုးရိမ်ရသဖြင့် ကျောက်တော်ဆေးရုံမှ တစ်ဆင့် စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာကြောင်း သိရသည်။

“ဒဏ်ရာက ခန္ဓာတစ်ခုလုံးရသွားတာ။ ဦးခေါင်း၊ ပေါင်နှစ်ဘက်၊ လက်နှစ်ဘက် အားလုံးမှာ ဒဏ်ရာ တွေရထားတာပါ။ အခု သူလုံးဝသတိမရ၊ သတိလစ်နေတယ်။ အခုသူ့ကို ကျောက်တော် ဆေးရုံကနေ စစ်တွေဆေးရုံကို ယူဆောင်လာတာပါ” ဟု ၎င်းက ပြောသည်။

----------------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၁၂/ ၂ဝ၂ဝ








ဆက်စပ် သတင်းများ