စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာပြင်းထန်သူအုတ်ကြွတ်ရွာသား စစ်တွေဆေးရုံယူဆောင်လာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

နီမင်းထွန်း
နိရဥ္စရာ၊ မတ်လ ၁၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကမ်းအနီး အုတ်ကြွတ်ကျေးရွာမှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူ ဦးမောင်ဖြူလှ(၆၃)နှစ်အား ယနေ့နံနက် ၁၁ နာရီခန့်က စစ်တွေဆေးရုံသို့ ယူဆောင်လာခဲ့ရသည်။

ယနေ့နံနက် ၃ နာရီကျော် အချိန်ခန့်တွင် ကုလားတန်မြစ်အတွင်း သွားလာနေသည့် တပ်မတော် နေဗီမှ ပစ်ခတ်လိုက်သော  လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ဦးမောင်ဖြူလှတွင် ရင်ဘက်၊ ခြေထောက်နှင့် ဒူးတို့တွင် ဒဏ်ရာ ရရှိသွားပြီး စိုးရိမ်ရသည်ဟု ညီမဖြစ်သူ ဒေါ် မယဉ်စိန်က ပြောသည်။

“မနက် ၃ နာရီလောက်မှာ နေဗီကနေပစ်တယ်။ အစ်ကိုကြီးကကြောက်လို့ ဗုံးခိုကျင်းထဲကို သွားတာ အဲဒီမှာ လက်နက်ကြီးကျလို့ ဒဏ်ရာရသွားတာ။ လူနာအခြေအနေက တော်တော် စိုးရိမ်ရတယ်”ဟု ၄င်းကပြောသည်။

ဦး မောင်ဖြူလှသည် ဒဏ်ရာပြင်းထန်သည့်အတွက် အပေါက်ဝဆေးရုံမှတစ်ဆင့် စစ်တွေ ဆေးရုံကြီးကို ယူဆောင်လာရခြင်းဖြစ်သည်။

ယနေ့နံနက် အစောကြီးက ဖြစ်ပွားခဲ့သည့် ပတ်ခတ်မှုဖြစ်စဉ်အတွင်း အုတ်ကြွတ်ကျေးမှ (၂)ဦး၊ ရောင်စုံ(ရောင်ဇူ)ကျေးရွာ (၂) ဦး ၊ အင်ဘာရီ မူဆလင်ကျေးရွာမှ (၃)ဦးနှင့်  ပေါက်လေဝ(တောင်) မှ ၂ ဦး စုစုပေါင်း (၉)ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရသွားကြောင်းသိရသည်။

-------------------------------

နိရဉ်စရာ၊ မတျလ ၁၆/၂ဝ၂ဝ






ဆက်စပ် သတင်းများ