ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်စေတီပြင်တွင် ကျည်စထိမှန်၍လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9.8k

အိမ်စိုးဖြူ
နိရဥ္စရာ၊ သြဂုတ် ၃၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြိ်ု့နယ်၊ စေတီပြင်ကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ကျည်ထိမှန်၍ လူငယ်တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

လက်နက်ကျည်ထိမှန်ခဲ့သူမှာ မောင်ဆန်းနိုင်ဖြိုး(၁၇)နှစ်(ဘ)ဦးဘလှဝင်းဖြစ်ကြောင်းသိရသည်။

ယနေ့နံနက် ၁၁ နာရီခန့်တွင် မယူမြစ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်သံများ ကြားရပြီး ချောင်းကမ်းအနီး ၄င်းတို့ နေအိမ်နှင့် သုံးအိမ်ကျော်မှ အဒေါ်ဖြစ်သူအိမ်တွင် နားနေချိန်တွင် ထိမှန်ခြင်း ဖြစ်ကြောင်း၊ ဘယ်ဘက်ခြေထောက်ခြေဖမိုးအား ကျည်ဖောက်ဝင်သွားခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူ လူငယ်၏ မိခင်ဒေါ်လှကျော့နုက နိရဥ္စရာသတင်းဌာနအားပြောသည်။

“ သူ့အဒေါ်အိမ်က ဝရံတာမှာ သူက လဲလျောင်းနေတာပါ။ အဲဒီမှာထိတာပါ။ ရွာနားမှာ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ သေနတ်သံတွေက မြစ်ဘက်ကတော့ ကြားရတယ်။ သုံးမိုင်လောက်ဝေးတယ် မြစ်နဲ့ ရွာနဲ့က။ လက်နက်ကြီးကျည်တော့မဟုတ်ဘူး။ သေနတ်လားဘာလားမသိဘူး။ အဲဒီနားမှာ ကျပေါက်တာမှာ ထိတာ။ အခုဆေးရုံတင်ထားပါတယ်” ဟုပြောသည်။

လက်ရှိတွင် ၄င်းလူငယ်မှာ စေတီပြင်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေ ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကို်ယ်စားလှယ် ဦးခင်မောင်လတ် ကလည်း ၄င်းလူငယ်ဒဏ်ရာရှိခြင်းမှာ ဟုတ်မှန်ကြောင်းအတည်ပြုပြောကြားသည်။

ရသေ့တောင်မြို့နယ်တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ကိုဘက္ကာကလည်း ၄င်းရွာအနီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဟု သိရှိရကြောင်း၊ လူငယ်အား ဆေးကုသမှုမခံယူနေရကြောင်း၊ ၄င်းလူငယ်မှာ သူနှင့် ဆွေမျိုး နီးစပ်တော်စပ်သူဖြစ်ရာ မိသားစုဝင်များအနေဖြင့် စိုးရိမ်နေကြကြောင်းပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများသို့  ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဆက်စပ် သတင်းများ