ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ရွာထဲ လက်နက်ကြီးကျည်ကျ၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.6k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၁၇ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတောင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရရှိသွားကာ ရွာသားများမှာ ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဆန်စက်ပိုင်ရှင် ဦးမောင်မောင်ချေ (၄၈) နှစ်ဖြစ်ကြောင်း၊ အသက် ၆ဝ အရွယ် အရပ်လူကြီးတစ်ဦးလည်း ဒဏ်ရာရရှိသွားကြောင်း ရွာကနေ ထွက်ပြေးနေသည့် ရွှေလောင်းတောင် အုပ်ချုပ်ရေးမှူးက ပြောသည်။

“ ရွာမှာလည်း လူတွေအများကြီးရှိသေးတယ်။ တစ်ယောက်သေသွားပြီး နောက်တစ်ယောက်ဒဏ်ရာရလို့ ကျန်ခဲ့တယ်။ အခုဘယ်လို့ ရှိမှာလည်း မသိဘူး။ အခုထိလည်း ပစ်နေသေးတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ပါဒလိပ်ဖက်ကလည်း ပစ်တယ်။ ရသေ့တောင်ဖက်ကလည်း  ပစ်နေတယ်။ အခုထွက်ပြေးနေကြတယ်” ဟု ပြောကာ ရွှေလောင်းတောင်အုပ်ချုပ်ရေးမှူးက ဖုန်းချသွားခဲ့သည်။

သို့အတွက် မည်သို့ မည်ပုံ ပစ်ခတ်ခံရခြင်းကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ သေဆုံးသွားသူက ပွဲချင်းပြီးသေသွားတာ။ ၉ နာရီ ၄၅ မိနစ်က သေသွားတာက ရွာထဲကို ကျလာတဲ့ ပထမ လက်နက်ကြီးမှာ သေသွားတာလို့ သိရတယ် ။ အခုက လက်နက်ကြီးတွေ ပစ်နေသေးလို့ ဖုန်းဆက် ရတာတွေလည်း အခက်အခဲဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသူ/ ရွာသားများမှာ ထွက်ပြေးနေကြသဖြင့် သတင်းအပြည့်စုံကို မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။ ဆက်သွယ် ရရှိပါ ပြန်လည် တင်ပြပေးပါမည်။

ဆက်စပ် သတင်းများ