သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဒေသတည်ငြိမ်နေချိန် ပေါက်ကွဲသံထွက်ပေါ်လာ၍ မင်းပြားဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၆ / ၂ဝ၂ဝ

ယနေ့ညနေ ၆ နာရီအချိန်ခန့်က မင်းပြားမြို့ ကျိန်းတောင်ဘုရားအနီးအနားက လက်နက်ကြီး ပစ်ခတ်သံ တစ်ခု ကျယ်လောင်စွာ ကြားရသဖြင့် စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံ ပြည်သူများနှင့် လွှတ်တော် ကိုယ်စားများက ပြောဆိုကြသည်။

မင်းပြားမြို့ဒေသခံ မခင်နန်းက “ ကျမကတော့ တောင်ထက်က ပစ်တာထင်တယ်။ ပစ်ခတ်သံကတော့ ကျိန်းတောင်ဖက်ကကြားတာပါ။ အခုက ခရီးသွားရာသီဖြစ်တဲ့အတွက် ဒီကလူတွေကလည်း တခြား မြို့နယ်တွေကို ဘုရားဖူးခရီးသွားနေတာတွေလည်းရှိတယ်။ ဆိုတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်သွားတယ်။ တိုက်ပွဲဖြစ်လို့ရှိရင် သူတို့ အိမ်ပြန်လာလို့ မရမှာကို စိုးရိမ်သွားတယ်” ဟုပြောသည်။

၎င်းပေါက်ကွဲသံကြောင့် မင်းပြားမြို့ဒေသခံများမှာ စိုးရိမ်စိတ် ပိုမိုမြင့်မားခဲ့ရကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“ လက်နက်ကြီးပစ်တာလား။ မိုင်းပေါက်သံလားတော့မသိဘူး။ အသံတစ်သံတော့ ကြားလိုက်တယ်။ အဲဒါဘယ်လိုဖြစ်တာလည်းဆိုတာကိုတော့ စုံစမ်းနေတယ်။ အခုဒေသတည်ငြိမ်နေတဲ့အချိန်မှာ အဲလိုမျိုး အသံတစ်သံကြားလိုက်ရတဲ့အတွက်  ဒေသခံတွေရဲ့ စိုးရိမ်စိတ်တွေက ပုံမှန်ထက်မြင့်တက်သွားတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်မှ မင်းပြားမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲအများဆုံး ဖြစ်ပွားရာ ဒေသတစ်ခုဖြစ်ပြီး တိုက်ပွဲများ ရပ်နေသည်မှာ  ၂ဝ၂ဝ ရွေးကောက်ပွဲ နိုဝင်ဘာလ ၈ ရက်နေ့မှ စ၍ ဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ