သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရဟတ်ယာဉ်နှင့်ပစ်ခတ်မှုကြောင့် ရွှေနဒီရေယာဉ်မှခေါ်ဆောင်ခဲ့သူများနှင့် ၎င်းတို့၏တပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့ကြောင်း AA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.8k

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၂၇/၂ဝ၁၉

မြန်မာ့တပ်မတော်မှ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွှေနဒီအမြန်ရေယာဉ်မှ ဖမ်းဆီးခေါ် ဆောင်ခဲ့သည့် လူအများအပြား သေဆုံးခဲ့ရပြီး ၎င်းတို့ တပ်ဖွဲ့ဝင်တချို့လည်း သေဆုံးခဲ့ရကြောင်း ရက္ခိုင့် တပ်တော် AA က ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်သွားပြီးနောက် စစ်ဆေးရန် အတွက် စက်လှေများဖြင့် ပြောင်းရွှေ့နေစဉ် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် တပ်မတော်ဘက်မှ ရဟတ်ယာဉ် သုံးစီးပေါ်မှ စက်သေနတ်၊ ရော့ကတ်များဖြင့် မရပ်မနား ပစ်ခတ်ခဲ့သည့်အတွက် ဖမ်းဆီးခေါ်ဆောင်လာခဲ့သူ အများအပြား နှင့် AA ၏ တပ်ဖွဲ့ ဝင်အချို့သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ရွှေ့ပြောင်းရန်လုပ်နေသည့် စက်လှေ(၃)စီးတွင် ပါလာသူများ အားလုံး (စစ်ဆေးရန် ခေါ်ခဲ့သူများနှင့် မိမိတို့ ရဲဘော်အချို့)မှာ သေဆုံးခဲ့ရပြီး စက်လှေ (၂)စီးမှာ အလုံးစုံ ပျက်စီးနစ်မြုပ် သွားခဲ့ရပြီး အခြားစက်လှေတစ်စင်းမှာမှာလည်း သွားလာ၍မရအောင်ပျက်စီးခဲ့ရကာ စက်လှေပေါ်တွင် ပါလာသူများ အားလုံးမှာလည်း ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်က စစ်တွေမှ ဘူးသီးတောင်သို့ မေယုမြစ်အတိုင်း ပြေးဆွဲနေသည့် ရွှေနဒီ အမြန်ရေယာဉ်ကို ရသေ့တောင်မြို့နယ်၊ပြိန်းတောနှင့် ရေမျက်ကျေးရွာကြားတွင် ရက္ခိုင့်တပ်တော် (AA) မှ သေနတ်ပစ်ဖောက်တားဆီးပြီး ရေယာဉ်တွင် လိုက်ပါလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၅၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ရေးသား ဖော်ပြသည်။

ဖမ်းဆီး ခေါ်ဆောင်ခံရသူ အများအပြား သေဆုံးသွားသည်ဟု AA ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာ မိမိတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးသွားသည့်အတွက် ရဟတ်ယာဉ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ပြောသည်။

”ကျွန်တော်တို့ ဆီက ရဲတပ်ဖွဲ့ဝင်တွေ ခေါ်သွားတဲ့ဟာကို ကျွန်တော်တို့က မေတ္တာ ပို့ပေးနေရမှာလား။ သေတောင်သေသွားဦးမယ်။ မနေ့က ရဟတ်ယာဉ်နှစ်စီးနှင့် လိုက်ပစ်တာ။အများကြီးသေတယ် AA တွေ။ ဒီနေ့လည်း လိုက်ချဦးမှာ။ ကျွန်တော်တို့က AA ခေါ်သွားလို့ အကုန်လုံး လိုက်ပစ်တာ။ AA ကို လိုက်ပစ်တာ” ဟုပြောဆိုသည်။

ရွှေနဒီရေယာဉ်ပေါ်မှ ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားသည့် လူပေါင်း ၅၈ ဦးရှိကြောင်း၊ ယင်းအထဲတွင် တပ်မတော်သား ၁၄ ဦး၊ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနှင့် အရပ်သား ၁၃ ဦးတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကားပြီး ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထား သည်။

------------------------------

Unicode:


နိရဉ်စရာ၊အောကျတိုဘာ ၂၇/၂ဝ၁၉













ဆက်စပ် သတင်းများ