စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တန်းရွာအနီး မျောတောင်နှင့်လိုင်ဂွင်တောင်တန်းများကို ရဟတ်ယာဉ်ဖြင့် ထပ်မံပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.3k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးရှိ မျောတောင်နှင့် လိုင်ဂွင်တောင်တန်းများအား တပ်မတော်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် ယနေ့ နံနက် ၁၁ နာရီမှ စတင်ကာ ထပ်မံပစ်ခတ်နေသည်ဟု သတင်းရရှိသည်။

ကျောက်တန်း ဒေသခံ တစ်ဦးက “ ၁၁ နာရီ ၅ မိနစ်လောက်က စပြီး တိုက်တယ်။ မျောတောင်ဆိုတာက ကျောက်တန်းရွာနဲ့ နီးနီးလေးပါ။ ရွာမြောက်ဘက်မှာရှိပါတယ်။ အဲဒီနေရာကို ရဟတ်ယာဉ် နှစ်စီးနဲ့ ပစ်နေပါတယ်။ လိုင်ဂွင်တောင်တန်း၊ မြစ်ကမ်းနီးစပ်မှာရှိတဲ့ ဓနိတောတွေ အကုန်လုံး လိုက်ပစ်နေပါတယ်” ဟု ပြောသည်။

ကျောက်တန်းရွာထဲတွင်လည်း မြန်မာတပ်မတော်မှ စစ်ကြောင်းတစ်ခု ယမန်နေ့ ညနေပိုင်းက ရောက်ရှိနေပြီး ရွာထဲတွင် တပ်စွဲထားသဖြင့် ရွာသားများမှာ ကြောက်ပြီး ထွက်ပြေးသွားကြသည်ဟု ၎င်းက ပြောဆိုသည်။

“ ရွာသားတွေက မနေ့ကတည်းက ထွက်ပြေးနေကြပါတယ်။ အပြင်ကို ရောက်တဲ့သူက ရောက်သွားတယ်။ မရောက်တဲ့သူက မရောက်၊ ရွာထဲမှာ ပိတ်မိနေသူတွေလည်း ရှိနေပါတယ်” ဟု ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ယနေ့လည်း ဆက်လက်ချဦးမည် ဖြစ်ကြောင်း၊ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မည် ဖြစ်ကြောင်း၊ သူတို့၏ တပ်ဖွဲ့ဝင်များကို ဖမ်းသွားသဖြင့် အေအေကို လိုက်လံ ပစ်ခတ်ရခြင်း ဖြစ်ကြောင်း နိရဥ္စရာသတင်းဌာနသို့ ယနေ့ နံနက်က ပြောကြားသည်။

ရက္ခိုင့်တပ်တော် (AA) ၏ ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်တွင် စစ်တပ်ကရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခေါ်ဆောင်ခံထားရသူ အများအပြားသေဆုံးပြီ ၎င်းတို့၏ တပ်ဖွဲ့ တချို့လည်း ကျဆုံးမှုရှိကြောင်း ဖော်ပြထားသည်။
----------------------

Unicode


နိရဉ်စရာ၊ အောကျတိုဘာ ၂၇/၂ဝ၁၉







ဆက်စပ် သတင်းများ