သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြေပုံမြို့နယ် ရွာသာယာအနီးတိုက်ပွဲပြင်းထန်၊ စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၈/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ယနေ့ ညနေပိုင်းက ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

ရွာသာယာကျေးရွာ ဒေသခံ တစ်ဦးက “ရွာကို ကျော်ပြီး ချောင်းဖျားကို စစ်ကြောင်းတက်သွားတဲ့ အတွက် ကျွန်မတို့လည်း ရွာကနေ ထွက်ပြေးနေရပါတယ်။ အခု ကျွန်မတို့ရွာအနီး ရွာသာယာအနီးနဲ့ ယောချောင်းအထက်ပိုင်းကို ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ပါတယ်။ ရဟတ်ယာဉ်  ရွာအပေါ်ကနေ ဝဲပျဲပြီး ပစ်နေပါတယ်။ ရဟတ်ယာဉ်ပေါ်က မီးထွက်တာကို မြင်ရသလို ဗုံးလို့ထင်ပါတယ်။ တဂျိမ်းဂျိမ်းနဲ့ အသံတွေကိုလည်း ကြားနေရပါတယ်” ဟု ပြောသည်။

ရဟတ်ယာဉ် နှစ်စီဖြင့် တိုက်ခိုက်မှုမှာ ညနေ ၄ နာရီ ၄၅ မိနစ်တွင် စတင်ပြီး ၂ဝ မိနစ်ခန့်ကြာမြှင့်သည်ဟု ပြောသည်။

ဒေသခံ နောက်တစ်ဦးက “ သူတို့ ရဟတ်ယာဉ်နဲ့ နေရာ သုံးခုကို ပစ်ပါတယ်။ ဗုံးကြဲတယ်လို့လည်း ထင်ပါတယ်။ အသံတွေက အကျယ်ကြီးရပါတယ်။ အဓိက ရွာသာယာအထက်ပိုင်း ယောချောင်းက နေရာသုံးခုကို ရဟတ်ယာဉ်နဲ့ တိုက်တာပါ” ဟု ပြောကြားသည်။

ယနေ့ နေ့လယ်က ကိုးချောင်းအဝန်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်သံများကို ကြားရကြောင်း၊ ၎င်းနောက်ပိုင်း ရဟတ်ယာဉ်နှစ်စီးဖြင့် လာတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ပါတယ်။ ရွာသာယာက ၅ မိုင်ခန့်အကွာ ပန္နဲပင်ကြီးလို့လည်းခေါ်တယ်။ ကျောက်ပန်းတူလို့ ခေါ်ပါတယ်။ ပြီးရင် နတ်ကျောက်၊ နေရာသုံးခုကို လာပစ်တာပါ။ စက်သေနတ်တွေလည်း ပစ်ပါတယ်။ ဗုံးလည်း ချပါတယ်” ဟု ဒေသခံ ရွာသားတစ်ဦးက ပြောဆိုသည်။

ယခုတိုက်ပွဲ ဖြစ်ပွားနေချိန်တွင် ရွာသာရွာတွင်  အိမ်ခြေ ၅ဝဝ ကျော် လူပေါင်း ၁ဝဝဝ ကျော်ရှိရာ ယခုအခါ လူမရှိသလာက် ဖြစ်နေပြီး ရွာသားများအားလုံးနီးပါးမှာ ကျီးခေါင်းတောင်၊ မိုးသီးနတ်တောင်၊ ပင်ကြတ်၊ မြေပုံ မြို့ပေါ်နှင့် ငစရိုင်းချောင်းရွာများသို့ ထွက်ခွာ ခိုလှုံနေကြသည်ဟု သိရသည်။

အနီးအနားရှိ ရွက်ရူးကျေးရွာသို့ ဆက်သွယ်ရာတွင်လည်း ရဟတ်ယာဉ် နှစ်စီးဖြင့် တိုက်ခိုက်နေသည်ကို မြင်ရပြီး မြေကြီးပေါ်သို့ကျလျှင် တစ်ဂျိမ်းဂျိမ်းဖြင့် ပေါက်ကွဲသည်ဟု ပြောဆိုသည်။

-------------------------

Unicode:


နိရဉ်စရာ၊ နိုဝငျဘာ ၁၈/၂ဝ၁၉









ဆက်စပ် သတင်းများ