ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မောင်တောမြို့နယ် မြောက်ပိုင်း နယ်ခြားစောင့်ရဲကားတန်း မိုင်းခွဲတိုက်ခိုက်ခံရ၍ ရဲအရာရှိ ၃ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊မတ် ၂၄ /၂ဝ၂ဝ 


ရခိုင်ပြည်နယ် ၊ အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ယနေ့ နံနက် ၇ နာရီခန့်က နယ်ခြားစောင့်ရဲကားတန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ရဲအရာရှိ ၃ ဦး သေဆုံးသွားသည်ဟု သတင်းရရှိသည်။


“ တောင်ပြိုကနေ ကျီးကန်းပြင် နယ်ခြားစောင့်ရဲ ဌာနချုပ်ကို အစည်းအဝေးလာတဲ့ နခက (၆) တပ်ရင်းမှူး ဒုရဲမှူးကြီးကျော်သူရ၊ ဒုရဲအုပ်မျိုးဇော်ဦးနှင့် တပ်သားဖြိုးမင်းသူ (ကားမောင်း)တို့ ကျဆုံးသွားပါတယ်။ ကားနှစ်စီးနဲ့ လာစဉ်မှာ လိပ်ရကျေးရွာအနီးမှာ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးပါဘူး” ဟု အမည်မဖော်လိုသူ အစိုးရ ဝန်ထမ်း တစ်ဦးက ပြောကြားသည်။  


ဒေသခံများ၏ ပြောပြချက်အရ ၎င်းရဲကားတန်းကို မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရကျေးရွာ အနီး စျီးပင်ချောင်းခွဆုံ (လမ်းဆုံ) အနီးတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားတစ်ီးကို ထိမှန်ခဲ့သည်ဟု သိရသည်။


ရဲအရာရှိကြီး တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ပြီး ၄ ဦးခန့် ဒဏ်ရာရရှိသည်ဟု သိရကြောင်း၊ မည်သည့် အဖွဲ့၏ လက်ချက်ဆိုသည်ကို မသိရသေးကြောင်း  ဒေသခံများက ပြောကြားသည်။


အမည်မဖော်လိုသူ အစိုးရ ဝန်ထမ်းတစ်ဦးက ယခု မိုင်းခွဲ တိုက်ခိုက်မှုကို အတည်ပြုပြီး နယ်ခြားစောင့်တပ်မှ အရာရှိကြီး တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး သုံးဦးခန့် ဒဏ်ရာ ရရှိသွားကြောင်း ပြောကြားသည်။


မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲတပ်ရင်းမှူးတစ်ဦး အပါအဝင် သုံးဦးကျဆုံးသည်ဟု အရပ်သားများ ပေးပို့သော သတင်းအရ သိရကြောင်း၊ ခရိုင်သို့ ဆက်သွယ် မမေးရသေးသဖြင့် အသေးစိတ် မပြောနိုင်သေးကြောင်း နိရဥ္စရာ သတင်းဌာသို့ ပြောကြားသည်။  


မောင်တောခရိုင် အုပ်ချုပ်ရေးမှူးသို့ ယနေ့ နေ့လယ် ၁၂ နာရီက အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းမအားသေးသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။ 

------------------------------  

Unicode:



နိရဉ်စရာ၊မတျ ၂၄ /၂ဝ၂ဝ 

















ဆက်စပ် သတင်းများ