ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြောက်ဦး လက္ကာရွာအနီး မိနစ်အနည်းကြာတိုက်ပွဲဖြစ်၊ စစ်တွေ-ရန်ကုန် ကားအသွားအလာ ရပ်တန့်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 3.4k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇွန် ၁၇/ ၂ဝ၂ဝ

ယနေ့ နံနက် ၈ နာရ မိနစ် ၄ဝ ခန့်က မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီး မိနစ်အနည်းငယ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် စစ်တွေ- ရန်ကုန်ကားအသွားအလာများ ယနေ့ နံနက် ၁ဝ နာရီ အချိန်ထိ ရပ်တန့်နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ သေနတ်ပစ်ခတ်သံတွေကို မနက် ၈ နာရီ ၄ဝ လောက်မှာ စကြားရပါတယ်။ ၁၅ မိနစ်လောက်ဘဲ ကြာပါတယ်။ မိုးကလည်း တအားရွာနေတော့ အသေအချာတော့ မပြောတတ်ဘူး။ တိန်ညိုကနေ ဒီနေ့ မနက်ကနေ ထွက်သွားတဲ့ စစ်ကြောင်းနဲ့ အေအေတို့ လက္ကာတံတားကြီး အနီးမှာ ဖြစ်တယ်လို့ ကြားပါတယ်” ဟု တိန်ညို ဒေသခံ တစ်ဦးက ပြောသည်။

၎င်းနောက်ပိုင်း ကားသမားများ မသွားရဲသဖြင့် ကားများမှာ တစ်ဘက်တစ်ချက်စီတွင် ပိတ်မိနေကြောင်း ၎င်းက ပြောကြားသည်။  

“ အခု မနက် ၁ဝ နာရီ ၅ မိနစ်ရှိပါပြီ။ ကားတွေက လမ်းပေါ် ဖြတ်သွားတာ မတွေ့ရဘူး။ ကားသမားတွေက စိုးရိမ်ပြီး မသွားကြတဲ့ အတွက် ခုလို တစ်ဘက်တစ်ချက်စီမှာ ပိတ်မိနေတာပါ” ဟု ၎င်းက ပြောကြားသည်။

လက္ကာရွာသားတစ်ဦးသို့ ဆက်သွယ်ရာ ၎င်းက “ ကျွန်တော်က ရွာမှာရှိမနေပါ။ တစ်ခြားရွာတစ်ခုကို ရောက်နေပါတယ်။ လမ်းမပေါ်က လက္ကာတံတားကြီးနားမှာ စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်တယ်လို့ ကြားပါတယ်။ ပစ်သံကတော့ ၁၅ မိနစ်လောက်ကြားရပါတယ်။ တိတိကျကျတော့ မသိရသေးဘူး” ဟု ပြောသည်။  

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်သို့ ဆက်သွယ်ရာ တိုက်ပွဲ မိနစ် အနည်းငယ် ဖြစ်ပွားခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း အသေးစိတ်ကို မပြောနိုင်သေးကြောင်း ပြောကြားသည်။


ဆက်စပ် သတင်းများ