ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တပ်မတော်မှ ပတ်ခတ်တိုက်မှု နောက်ထပ် ၁လ တိုးမြှင့်ကြောင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.1k

နိရဥ္စရာ၊ စက်တင်ဘာ၂၉/၂ဝ၂ဝ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှုနောက်ထပ် တစ်လ တိုးမြှင့်ကြောင်း ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာသည်။

သို့သော် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့် နယ်မြေများ မပါဝင်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော် ( AA) ကို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသဖြင့် ရခိုင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၌ ပါဝင်လာမည် မဟုတ်ပေ။

တပ်မတော်၏ ကြေညာချက်ထဲတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့ အတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများ ရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၃၁) ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၃ဝ)ရက်အထိ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု တိုးမြှင့်ရပ်စဲထားခဲ့ပြီး နောက်ထပ် တစ်လ ထပ် တိုးမြှင့်ခြင်း ဖြစ်သည်။  

ထိုသို့ တိုးမြှင့်ရခြင်းမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် လည်းကောင်း၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ၏ Appeal for Global Ceasefire  ကို ထောက်ခံသော အားဖြင့် လည်းကောင်း ဆောင်ရွက်ခြင်းဟု ပါရှိသည်။

ဆက်စပ် သတင်းများ