သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့ပေါ်သို့ စစ်ဘေးရှောင်ပြည်သူ ၄ဝဝ နီးပါး ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၁၂ /၂ဝ၂ဝ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်သို့ စစ်ဘေးဒုက္ခသည် ၄ဝဝနီးပါး ခိုလှုံရန် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့ နေပူခံ စစ်ဘေးရှောင်စခန်းသို့ စစ်ဘေးဒုက္ခသည် (၃ဝဝ) နီးပါး လက်ရှိ အချိန်ထိ ရောက်ရှိလာပြီး ပြည်တော်သာရပ်ကွက် ခရစ်ယာန်ဘုရားကျောင်းတွင်လည်း ဂြင့်ခရားစေ့ ကျေးရွာသား(မြို)လူမျိုး ၈ဝ ဦး ရောက်ရှိလာကြောင်းသိရသည်။

စစ်ဘေးရှောင်များ အတွက် စားဝတ်နေရေး အခက်အခဲများရှိနေကြောင်း ကျောက်တော်မြို့ နေပူခံ စစ်ရှောင်စခန်းတာဝန်ခံ ဦးမောင်ထွန်းခင် ကပြောသည်။

“ ဒီနေ့မနက် ၈ နာရီလောက်က လုပ်ထားတဲ့စာရင်းက ၂၄၆ ယောက်။ အခုလည်း ထပ်ရောက် လာကြတယ်။ အခု နံနက် ၁၁ နာရီထိလောက်က ၃ဝဝ နီးပါးထိရှိသွားပြီ။ ဘယ်လိုနေရာ ချပေးရမလဲဆိုတာ မသိတော့ဘူး။ လူဦးရေက များလာတယ်လေ”ဟု ၄င်းက ပြောသည်။
 
၄င်းစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ် မုန့်သန်းပြင်၊မီးဝ၊ ပြိုင်းတိုင်း ၊ လောင်းရှည်၊ ကျော်ရွှီပြင်၊ ကျောက်တန်း၊ တင်းမ၊ ဂြင့်ခရားစေ့၊ အောင်သာယာ ကျေးရွာများမှဖြစ်ကြသည်။

မုန့်သန်းပြင်ကျေးရွာတွင် အိမ်ခြေ ၆၆ ဆောင်ရှိပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း အားလုံး မီးလောင်သွားပြီဟု ကျောက်တော်မြို့ပေါ်သို့ ထွက်ပြေးလာသူ မုန့်သန်းပြင်ကျေးရွာမှ ဒေါ်မြအေးရီက ပြောသည်။

ကျော်ရွှီပြင်ကျေးရွာတွင် နေအိမ်အချို့ မီးလောင်သွားပြီဟု ကြားသိရကြောင်း၄င်းကပြောသည်။
မီးဝအုပ်စု၊ ဂြင့်ခရားစေ့ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်သဖြင့် ကြောက်လန့် ထွက်ပြေးလာသူ (မြို) လူမျိုး ၈ဝ ဦးမှာလည်း ကျောက်တော်မြို့နယ်၊ ပြည်တော်သာရပ်ကွက် ခရစ်ယာန် ကျောင်းတွင် နေထိုင်နေရကြောင်း ပြည်တော်သာ ရပ်ကွက်မှ ရွာလူကြီးတစ်ဦးကပြောသည်။

ထွက်ပြေးလာသူမြိုလူမျိုးတစ်ဦးဖြစ်သူ ဦးကျော်ဆွေကလည်း” ရွာကနေ ဒီကျောက်တော်အထိ ခြေထောက်နဲ့ပြေးလာကြတာပါ။ကျွန်တော်တို့ ရွာနားမှာတိုက်ပွဲဖြစ်တော့ ကျွန်တော်တို့ ဘယ်လိုမှ နေလို့မရတော့ဘူး။ ကြောက်တယ်။ ကလေးတွေ ၊ မိန်းမတွေအကုန်ဒီဘုရားကျောင်းကို ပြေးလာကြတာ” ဟုပြောသည်။

ကျောက်တော်မြို့နယ် မီးဝဗျူဟာကုန်းအနီးတွင် မတ်လ ၁ဝ ရက် ၁၁ ရက်နေ့များတွင်လည်း ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီး တပ်မတော်ဘက်မှ ဂျက်လေယာဉ်များဖြင့် အဆက်မပြတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
 
၄င်းကျေးရွာအနီးတဝိုက်ကျေးရွာများဖြစ်သော မုန့်သန်းပြင်ကျေးရွာတွင် မတ်လ ၁၁ ရက်နေ့တွင် ရွာလုံးကျွတ် မီးလောင်ကျွမ်းပြီး ပြိုင်းတိုင်းကျေးရွာတွင်လည်း အနည်းဆုံး နေအိမ် အလုံး ၅ဝခန့် မီးလောင်ကျွမ်းသွားကြောင်း ထွက်ပြေးလာသူ ဒေသခံများက ပြောသည်။

-----------------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၁၂ /၂ဝ၂ဝ




 




 

ဆက်စပ် သတင်းများ