- Web Master
- ၁၁ စက်တင်ဘာ ၂၀၂၄
လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၁၅ / ၂၀၂၄
ရခိုင်ပြည် သံတွဲမြို့ ငပလီကမ်းခြေရှိ လင်းသာနှင့် မြပြင်ကျေးရွာများမှ ဟိုတယ်အချို့ ကို စစ်ကောင်စီက ရေပြင်နှင့် မြေပြင်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ မီးလောင်မှုများ ရှိနေကြောင်း သတင်းရရှိသည်။
ငပလီကမ်းခြေ၊ လင်းသာဟိုတယ်ဇုန်နှင့် မြပြင်ရှိ ဟိုတယ်အချို့ လက်နက်ကြီး ထိမှန်ကာ ဇူလိုင် ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ မီးလောင်နေသသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ အခုဖြစ်နေတာက လင်းသာနဲ့ မြပြင်ကို စစ်ကောင်စီ ဖြတ်လို့မရတော့
သူတို့
တပ်တွေဆုတ်လို့ မရဘူး။ အဲဒီအနီး ဝန်းကျင်က တောင်တန်းတွေဘက်မှာ
စစ်သားတွေ ရိက္ခာပြတ်နေ
မြပြင်နှင့် လင်းသာ အစပ်ရှိ အများပြည်သူ အပန်းဖြေ ဧရိယာအနီးကိုလည်း စစ်ကောင်စီက ပစ်ခတ်မှုများရှိခဲ့သည်ဟုလည်း ပြောဆိုသည်။
လင်းသာဟိုတယ်ဇုန်နှင့်
မြပြင်ကျေးရွာလမ်းတစ်လျှောက်ရှိ Bayview Hotel, Lin Thar Oo Lodge,
Memento Resort ၊ Lagoon
Lodge, BT Bay, The Lodge Blus Ocean ဟိုတယ် များရှိရာ ကမ်းခြေ တစ်ဝိုက်တွင်ဇူ
“ အခုဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်။ သံတွဲမြို့ကိုလည်း ဆက်သွယ်မရတော့ဘူး။ ကွင်းဝိုင်းဖက်က တက်လာတဲ့ ဘုတ်ပြားဆိုတဲ့ နေဗီက ပစ်နေတာ။ နောက်ဂျိတ္တောဖောင်ဆိပ် ကနေ လင်းသာ ကမ်းခြေအထိ လာပြီးတောပစ်နေတာ။ လက်နက်ကြီး ဟိုတယ်တွေမှာ အေအေရှိတယ်လို့ သတင်းရလို့ပစ်တာ။ လင်းသာဘုန်းကြီးကျောင်းလည်း ဟိုနေ့က ဗုံးထိသွားပြီ” ဟုဒေသခံတစ်ဦး မှပြောသည်။
ငပလီကမ်းခြေ လင်းသာရွာရှိ မင်္ဂလသုခကျောင်းတိုက်အားစစ်ကောင်စီမှဗုံးကြဲခဲ့ရာ ဇူလိုင် ၁၂ ရက်နေ့က ပေါင်၅၀၀ရာဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲ၍ကျောင်းဆောင် များဆိုးရွား စွာပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ငပလီကမ်းခြေ၏ တောင်ဘက်အစွန်းရှိ မြပြင်ရပ်ကွက်၊ မြို့ရှောင်လမ်းအပိုင်းတွင် အာရက္ခတပ်တော် (အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း ဗုံးကြဲခြင်း တို့ကို အဆက်မပြတ် ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
သံတွဲမြို့တွင်းသို့ စစ်ကောင်စီ ရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သော ကြောင့် ဇူလိုင်လ ၁၃ရက်နေ့တွင် ဒေသခံအမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည် သံတွဲမြို့နယ်နှင့် ငပလီမြို့က ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် စစ်ရှောင် ၂,၀၀၀ ကျော် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ပုံစာ- လင်းသာရွာ ရှိ မင်္ဂလသုခကျောင်းတိုက်အား စစ်ကောင်စီမှဗုံးကြဲ၍ပျက်စီး သွားသည်ကို တွေ့ရစဉ်
ဓာတ်ပုံ- Bhikkhu Sunanda