- Web Master
- ၂၅ စက်တင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဇူလိုင် ၁၃/
၂၀၂၂ မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ဇူလိုင် ၁၂ ရက် အင်္ဂါနေ့တွင်
မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း
ရုရှားမီဒီယာ The Moscow Times က သတင်း ဖော်ပြသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့်ပတ်သက်၍ အမေရိကန်က
၎င်း၏စစ်အစိုးရကို ဖိအားပေးမည်ဟု ကတိပြုထားစဉ် ၎င်းသည် မော်စကိုကို
ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်ကောင်စီ ဥက္ကဋ္ဌ၏ မော်စကိုသို့ လာရောက်သည့် ခရီးစဉ်မှာ "ပုဂ္ဂလိက" အလည်အပတ် ခရီးစဉ်သာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက Interfax
သတင်းဌာနသို့
ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
“မြန်မာ့ယဉ်ကျေးမှုစင်တာ ဖွင့်ပွဲအစီအစဉ်မှာ ပါဝင်တက်ရောက်ရန်ဖြစ်ပါတယ်”
ဟု
ရုရှားသံရုံးက ဆိုသည်။ ရုရှားနိုင်ငံပိုင်
မီဒီယာများတွင် ဖော်ပြသည်မှာ စကစ ဥက္ကဋ္ဌသည် မော်စကို၏
အာကာသနှင့် နျူကလီးယားအေဂျင်စီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန်
စီစဉ်ထားကြောင်း ဖော်ပြသည်။ အိမ်နီးချင်း
ထိုင်းနိုင်ငံကို အလည်အပတ်လာရောက်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
Antony Blinken က မြန်မာ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံစဉ်
မြန်မာစစ်အစိုးရကို ဆက်လက် ဖိအားပေးသွားမသည်ဟု ကတိပြုပြီး နှစ်ရက်အကြာ ယခုခရီးစဉ်ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ယမန်နှစ်
ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်အစိုးရက ဒီမိုကရေစီလိုလားသူ
ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ နောက်ထပ်သတင်းတစ်ရပ်တွင် နစကဥက္ကဋ္ဌသည် တတာစတန်နိုင်ငံသို့ ရောက်ရှိနေပြီး တတာစတန်နိုင်ငံ ( Tatarstan) သမ္မတ Rustam
Minnikhanov နှင့် နှစ်နိုင်ငံကိစ္စများကို တွေ့ဆုံ ဆွေးနွေးနေကြောင်း၊ ၎င်း၏
တတာစတန်နိုင်ငံခရီးစဉ်မှာ
အလုပ်သဘော ခရီးစဥ်ဖြစ်ကြောင်း ဖော်ပြထားသည်။