- Web Master
- ၂၅ စက်တင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဇူလိုင် ၃၁/ ၂၀၂၂
ယနေ့ ဇူလိုင် ၃၁ ရက် နံနက်က နေပြည်တော်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ပြီး စစ်ကောင်စီ သက်တမ်းကို နောက်ထပ် (၆) လတိုးလိုက်သည်ဟု သတင်းရရှိသည်။
နိုင်ငံတော် အာဏာကို စစ်တပ်က သိမ်းယူခဲ့သည်မှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက်နေ့မှ စတင်ရေတွက်လျှင် ယနေ့ ဇူလိုင် ၃၁ ရက်နေ့တွင် တစ်နှစ်နှင့် ခြောက်လပြည့်သဖြင့် နောက်ထပ် သက်တမ်း (၆) လ တိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များအရ အရေးပေါ်ကာလကို (၂) နှစ် အထိ ကြေညာနိုင်ပြီး (၁) နှစ်သက်တမ်း တစ်ကြိမ်နှင့် (၆) လ သက်တမ်း (၂) ကြိမ် သက်တမ်းတိုးခွင့် ရှိဟု ဆိုသည်။
၎င်းအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဟောင်း ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိ ယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအဝင် ကာလုံအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့သည်ဟု သိရသည်။
လက်ရှိ စစ်ကောင်စီသည် အာဏာသိမ်း သက်တမ်း (၂) နှစ်ပြည့်မြောက်သည့် လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အထွေထွေ ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပပေးရန် စီစဉ်နေသည်ဟု သိရသည်။
၎င်းရွေးကောက်ပွဲကို NLD ပါတီနှင့် နိုင်ငံတကာ ကန့်ကွက်မှုများ ရှိနေသည်။