သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ANDP-Japan မှ တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ တဲအိမ်အလုံး ၄၀ နှင့် ဆန်အိတ် ၁၀၀ ကူညီလှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 1.8k

နိရဉ္စရာ၊ မေ ၃ /၂၀၂၁

 

ဂျပန်အခြေစိုက် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ/ANDP-Japan က မီးလောင်ခံခဲ့ရသည့် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းသို့  တဲအိမ်အလုံး ၄၀ ဖိုးနှင့် ဆန်အိတ် ၁၀၀ အတွက် ကျပ်သိန်း (၁၀၀) ကူညီလှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

 

လှူဒါန်းကူညီရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီးANDP-Japan မှ နာယကတစ်ဦးဖြစ်သူ ဦးလှအေးမောင်က အဓိက လှူဒါန်းရတာကတော့ ရခိုင်မှာ စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူတွေ ရာနဲ့ချီပြီး သေဆုံးခဲ့ရသလို လူပေါင်း ၂ သိန်းကျော်လည်း စစ်ဘေးရှောင်ဘ၀ကို ရောက်သွားခဲ့ရတယ်။ စစ်ဘေးရှောင်ဘ၀မှာ အသက်ကြီးတဲ့သူတွေရော၊ ကိုယ်ဝန်ဆောင် မိန်းမတွေရော၊ ကလေးတွေရော အကုန်လုံး ဒုက္ခရောက်ကြရတယ်။ အားလုံးသူကို ကိုယ်ချင်းစာမိပါတယ်။ ဒီအတွက် ဂျပန်ရောက် ကျနော်တို့အဖွဲ့က တတ်နိုင်သလောက်ကူညီဆောင်ရွက်ပေးတာ ဖြစ်ပါတယ်ဟု ပြောကြားသည်။

 

၎င်းအလှူငွေကို စာရေးဆရာ ကိုဝေဟင်အောင်ထံမှတဆင့် မေလ ၂ ရက်နေ့က လှူဒါန်းခဲ့သည်ဟု ဆိုသည်။

 

 အခု လှူဒါန်းမူမှာ ပါဝင်လှူဒါန်းခဲ့ကြတဲ့  ညီအကိုမောင်နှမတို့အားလုံးကို မိမိတို့ ANDP-Japan အနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဂျပန်မှာ ရောက်နေကြတဲ့ အလှူရှင် တွေရဲ့ ူသားချင်း စာနာထောက်ထားမူ ေတနာတရားထက်သန်စွာနဲ့ ပူးပေါင်း ပါဝင်လှူဒါန်းတွေ အတွက် ခုလို ကူညီနိုင်ခဲ့တာဖြစ်ပါတယ်ဟု ပြောဆိုသည်။ 

 

တိမ်ညိုစစ်ဘေးရှောင်သို့  ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ/ANDP-Japan က ယခင်ကလည်း ရခိုင့် အမျိုးသားကွန်ရက်မှတဆင့် ပထမအကြိမ်လှူဒါန်းခဲ့ပြီ ဖြစ်ကြောင်း၊ ယခု လှူဒါန်းမူသည် တိမ်ညို စစ်ဘေးရှောင်ြည်သူများထံသို့ ဒုတိယအကြိမ် ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်စပ် သတင်းများ