သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရိက္ခာပြတ်နေ၍ ထောက်ပံ့ပေးရန် ကမ်းထောင်းကြီးစစ်ရှောင်စခန်းတွင်အိုးခွက်ပန်းကန်များကိုကိုင်ပြီးတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

သဥ္ဇာနွယ်


နိရဥ္စရာ၊ဇူလိုင်၃၁/၂၀၂၁


ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းတွင် စားနပ် ရိက္ခာများ ပြတ်လပ်၍ အခက်အခဲကျရောက်နေသဖြင့် ရိက္ခာများထောက်ပံ့ပေးရန် စစ်ဘေးရှောင်များက အိုးခွက်ပန်းကန်များကို ကိုင်ဆောင်ပြီး လမ်းပေါ်ထွက်ကာ တောင်းဆိုခဲ့ကြသည်ဟု စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးလှဝင်းအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။


"စားနပ်ရိက္ခာပြတ်လပ်နေတာ တစ်ပတ်လောက်ရှိနေပြီ။ အဓိကတော့ဆန်ပေါ့ဗျာ။ အခုလက်ရှိမှာ တော်တော်အခက်ခဲကြုံနေရတာပါ။ အဖွဲ့အစည်းတွေကလည်း မထောက်ပံ့တာကြာပြီ ဒီကိုဗစ် ရောဂါတွေကြောင့်။ ကျန်တာတွေတော့အကုန်အဆင်ပြေပါတယ်။စားနပ်ရိက္ခာပဲ အဓိက လိုအပ်နေတာပါ ဒါကြောင့် စခန်းရှေ့ လမ်းပေါ်ထွက်ပြီး ပန်းကန် အိုးခွက်တွေကိုင်ပြီး တောင်းဆိုရတာပါ"ဟု ၎င်းကပြောသည်။

 

ားနပ်ရိက္ခာပြတ် လှုပ်ရှားမှု ပြုလုပ်ကာ ောင်းဆိုခြင်း ဖြစ်ပြီး န္ဒပြခြင်း မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။


စစ်ဘေးရှောင်တစ်ဦးက "ကျနော်တို့ အင်မတန်ဒုက္ခရောက်နေပါတယ်။ ကျနော်တို့ကို ငွေတစ်ရာပဲ တတ်နိုင်နိုင် ငါးရာပဲတတ်နိုင်နိုင် စုပြီးဝိုင်ဝန်းပြီးကူညီပေးကြပါ တတ်နိုင်သလောက်။ ကျနော်တို့မှာ အခုအရေးကြီးဆုံးက စားဝတ်နေရေး။ တော်တော်အခက်ခဲ ဒုက္ခရောက်နေပါတယ်"ဟု ပြောသည်။

 

ရှေ့တစ်ရက်နှစ်ရက်တွင် စခန်းသို့ စားနပ်ရိက္ခာ အကူအညီ မရောက်လျှင် အငတ်ဘေး ကျရောက်နိုင်သည်ဟု ၎င်းက ပြောသည်။


မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၅၅ စုနှင့် လူဦးရေ ၈၇၁ဦး ရှိကြောင်း သိရှိရသည်။ 

ဆက်စပ် သတင်းများ