အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအများအပြားကို ဖျက်သိမ်းနိုင်ရေး ပြည်နယ်ကောင်စီ စီစဉ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၉/ ၂ဝ၂၂
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအများအပြားကို ဖျက်သိမ်းနိုင်ရေး ပြည်နယ်ကောင်စီက စီစဉ်နေသည်ဟု သိရသည်။
ရခိုင်တွင် စစ်ဘေးရှောင်စခန်း ၁ရဝ ခန့်ရှိသည့်အနက် နှစ်ဘက်လက်နက်ကိုင်တပ်များ နေရာယူထားသည့် ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်တို့မှ စစ်ဘေးရှောင်စခန်းများမှအပ ကျန်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများကိုဖျက်သိမ်းနိုင်ရေး စီစဉ်နေသည်ဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ယမန်နေ့က သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောခဲ့သည်။
“အခုကျွန်တော်တို့ရဲ့အစီအမံကဘာလဲဆိုရင် ဒီတန်းလျားထဲက အကုန်လုံး ပြန်မယ်ဆိုလိို့ရှိရင်ပြန်။ တချို့တဝက်ပြန်လို့ရှိရင်လည်း ကျွန်တော်တို့က ဒီတန်းလျားထဲကဟာကို တန်းလျားတွေပေါင်းလိုက်ပြီးတော့ အခု IDP (ဒုက္ခသည်စခန်း) တွေကို ရွှေ့သလိိုရွှေ့သွားမှာပေါ့။ တိုက်ပွဲရှောင်စခန်းဆိုတဲ့ဟာကို ဖျက်လိုက်မှာပေါ့” ဟုပြောသည်။
မည်သည့်အချိန်နောက်ဆုံးထားဖျက်သိမ်းမည်ဆိုသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါ။
စစ်ဘေးရှောင်များ နေရပ်ပြန်လိုပါက ထောက်ပံ့ငွေ ၅ သိန်းကျပ်ကူညီပေးပြီး မပြန်လိုသူများအား စခန်းအချို့တွင်ပေါင်းထည့်နေထိုင်စေကာ စစ်ဘေးရှောင်မရှိတော့သည့်စခန်းများကို ဖျက်သိမ်းသွားမည်ဟု ဆိုသည်။
စစ်ဘေးရှောင်စခန်းများအား ယခုကဲ့သို့ဖျက်သိမ်းပြီး စစ်ဘေးရှောင်များအား နေရပ်ပြန်ခိုင်းမည်ဆိုပါက စစ်ဘေးရှောင်များ နေရပ်သို့ချောချောမောမောရောက်စေရန် အစိုးရက စီစဉ်ပေးသင့်သည်ဟု စစ်ဘေးရှောင်များအရေးကူညီပေးနေသည့် စာရေးဆရာ ကိုဝေဟင်အောင်က ပြောသည်။
“ဖြစ်နို်င်မယ်ဆိိုရင် အဲဒီရွာတွေကို ချောချောမောမောရောက်အောင်စီစဉ်ပေးသင့်တယ်။ ကျန်ခဲ့တဲ့လူတွေကိုလည်း အတင်းအဓမ္မတော့လုပ်လို့မရဘူး။ လူ့အခွင့်အရေးအရသော်လည်ကောင်း၊ နိုင်ငံသားအခွင့်အရေးအရသော်လည်းကောင်းတစ်စုံတစ်ရာ အစိိုးရက တစ်စုံတစ်ရာလုပ်ပေးရမယ့် တာဝန်အပြည့်အဝရှိတယ်”ဟုပြောသည်။
လက်ရှိတွင် ကျောက်တော်မြို့နယ် တင်းမကျေးရွာ၊ ရသေ့တောင်မြို့နယ် ထီးစွဲ၊ အောင်သာစည်နှင့် ကျောက်တန်းကျေးရွာတို့အနီးအနားတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ နှစ်ဘက်လက်နက်ကိုင်တပ်များရှိသဖြင့် နေရပ်ပြန်ရန် အဆင်ပြေနိုင်ဦးမည်မဟုတ်ဟုလည်း ဦးလှသိန်းက ဆက်ပြောသည်။
ရခိုင်တွင် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ အမ်း၊ မြေပုံ၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် စစ်ဘေးရှောင်စခန်း ၁ရဝ ခန့်ရှိကြောင်း ပြည်နယ်ကောင်စီစာရင်းအရ သိရသည်။
အဆိုပါစခန်းများတွင် စစ်ဘေးရှောင်အိမ်ထောင်စု ၁ ထောင်ကျော်နှင့် လူဦးရေ ၇ သောင်း ကျော်ကျန်ရှိနေသေးကြောင်း ပြည်နယ်ကောင်စီစာရင်းတွင် ဖော်ပြထားသည်။
ဓာတ်ပုံ - ရခိုင်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ