အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

UNHCR က မဟာမုနိစစ်ရှောင်စခန်းမှမီးဘေးဒုက္ခသည်များကိုကူညီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k

နိရဉ္စရာ၊ မေ ၁၃/၂၀၂၂
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံ (UNHCR) မှ ကျောက်တော် မြို့နယ် မဟာမုနိစစ်ဘေးရှောင်စခန်းမှ မီးဘေးဒုက္ခသည် ပြည်သူများကို ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။
UNHCR ၏ ထုတ်ပြန်ချက်အရ မီးလောင်မှုဖြစ်ပွားပြီးပြီးချင်း၌ပင် UNHCR မြန်မာအနေဖြင့် အရေးပေါ် တုံ့ပြန်ကူညီဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် မိတ်ဖက် အဖွဲ့အစည်း အသီးသီးတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ မီးဘေးသင့်မိသားစုများအတွက် ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းစုံများ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး သုံးပစ္စည်းစုံများ၊ ဆိုလာမီးအိမ်နှင့် တာပေါ်လင်စများအစရှိသည့် အရေးပေါ် ကယ်ဆယ်ပစ္စည်းများအား ပံ့ပိုး ကူညီပေးအပ်ခဲ့ပါသည်ဟု ဖော်ပြသည်။
သို့သော်လည်း လှူဒါန်းသည့်ပစ္စည်းများ၏ တန်ဖိုးငွေကြေးပမာဏကို UNHCR က ထုတ်ပြန်ဖော်ပြထားခြင်းမရှိပေ။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိနေရပ်စွန့်ခွာ စစ်ဘေးရှောင် စခန်းတွင် မေလ ၉ ရက်နေ့ နံနက်ပိုင်း ညဉ့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ခိုလှုံရာနေအိမ်အလုံး ၂၆၂ လုံး ပျက်စီးခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ (NN-15)
(Photo by UNHCR)

ဆက်စပ် သတင်းများ