ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ စစ်ဘေးရှောင်စခန်းတစ်ချို့ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k

နိရဉ္စရာ၊ မေ ၂၁/ ၂၀၂၂
ရခိုင်ပြည်နယ်မှ စစ်တွေ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊မြောက်ဦး စသည့် မြို့နယ်များတွင် ယနေ့ မေလ ၂၁ရက် နေ့လယ် ၁၂ နာရီ ကျော်အချိန်ခန့်တွင် မိုးသက်လေပြင်း တိုက်ခတ်နေပြီး မြို့နယ်တချို့ရှိ စစ်ဘေးရှောင်စခန်းများ ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။
ယခုလိုမိုးသက်လေပြင်းတိုက်ခတ်နေသည့်အတွက် စစ်ဘေးရှောင် စခန်းတချို့တွင် လူနေဆောင်များ ပျက်စီးသွားသည်ဟု စစ်ဘေးရှောင် များက ပြောသည်။
မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင် စခန်းတွင် လေပြင်း တိုက်နေ၍ လူနေဆောင် ၄၀ခန့်မှာ အမိုး၊အကာများ လေထဲသို့ လွင့်ပါသည်ဟု စစ်ဘေးရှောင်ဦးစိုးသိန်းက ပြောသည်။
"၁၂နာရီကျော်လောက်ကနေစလို့တိုက်နေတာ အခုချိန်ထိတိုက်နေတုန်းပါ။ အဆောင်ပျက်သွား တဲ့လူတွေကတော့ ဘုန်းကြီးကျောင်းတွေကို ပြေးနေကြရပါတယ်"ဟု ဆိုသည်။
အလားတူ ညောင်ချောင်းစစ်ဘေးရှောင်စခန်း တွင်လည်း ဓနိမိုးထားသည့် တဲအိမ် ၂၀ကျော်မှာ အခေါင်များပျက်စီးသွားပြီး တာလင်ပေါ်စ မိုးထားသည့် တဲအိမ် ၁၀၀ကျော် ပျက်စီးသွားသည်ဟု စခန်းတာဝန်ခံကပြောသည်။
"အခုတော့ လေရပ်သွားပြီ။မိုးပဲရွာနေတယ်။ ပျက်စီးသွားတဲ့ တဲအိမ်တွေကို ပြန်လုပ်သူတွေက လုပ်နေပါတယ်"ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၀ရက်နေ့တွင်လည်း လေပြင်း တိုက်ခတ်ခဲ့သည့်အတွင် စစ်ဘေးရှောင်စခန်း ၄၀ခန့်မှ လူနေဆောင် ၂၀၀ကျော် ပျက်စီးသွားခဲ့သည်ဟု သိရသည်။(NN -11)

ဆက်စပ် သတင်းများ