တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော် သရက်အုပ်စစ်ဘေးရှောင်စခန်းတွင် ရေရှားပါးပြီး မသန့်ရှင်းသောရေကို သောက်သုံးနေရသဖြင့် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.3k

နိရဉ္စရာ၊ ဖေဖော်ဝါရီ / ၂၀၂၃

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်အုပ်စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေရှားပါးပြီး  

သန့်ရှင်းသည့်ရေကို  သောက်သုံးနေရသဖြင့် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေရသည်ဟု စစ်ဘေးရှောင်များက ပြောကြားသည်။

 

" ကန်မှာက ရေခမ်းလာတော့ ရေကတော့ ရွံ့နစ်တွေနဲ့ နောက်ကျိနေတယ်။ မတတ်သာလို့သာ သောက်နေရတာ။ ရေကအဆင်မပြေဘူး။ ဒီလိုရေကို နေ့စဉ် ဆက်သောက်မိရင် ဝမ်းရောဂါ ဖြစ်မှာလည်း စိုးရိမ်နေကြရတယ် တစ်ခြားရောဂါတွေလည်း ဖြစ်နိုင်တယ်" ဟု ပြောသည်။

 

သရက်အုပ်စစ်ဘေးရှောင်စခန်းကို ယခုနှစ် ဇန်နဝါရီလအစောပိုင်းလောက်က သရက်အုပ်ကျေးရွာရှိ နွားစားကျက်ကွင်းတွင်တည်ဆောက်ထားခြင်းဖြစ်ပြီး အများစုမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျောက်တော်နှင့် ပလက်၀မြို့နယ်တို့က ဖြစ်ကြသည်။  လက်ရှိ အိမ်ထောင်စု ၃၇၀ စု လူဦးရေ စုစုပေါင်း ၁၉၅၄ ဦး ၎င်းစခန်းတွင် နေထိုင်နေကြောင်း သိရသည်။

 

ထိုသို့ ကန်ရေ နောက်ကျိနေသဖြင့် စခန်းအနီးအနားရှိ  ပီကောက်ချောင်းမှ ချောင်းရေကို သွားရောက်ခတ်ယူ သုံးစွဲနေရကာ သောက်ရေမှာလည်း အဆိုပါချောင်းအနီးတွင် တွင်းတူးကာ ထားသည့် ရေတွင်းမှရေကို သောက်ရေအဖြစ်အသုံးပြုနေရခြင်းဖြစ်သည်ဟု သိရသည်။

 

သို့သော်လည်းအဆိုပါတွင်းမှ ရေအလုံလောက်မရရှိသည့်အပြင် ရေနည်းပါးနေ၍ရေများနောက်

ကျိနေခြင်း၊ ရွံ့နံ့များရရှိခြင်းတို့ကြောင့် ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါဖြစ်ပွားရန်ကိုလည်း စိုးရိမ်နေကြသည်ဟု စခန်းတာဝန်ခံဦးမောင်ထွန်းခိုင်က ပြောသည်။

 

"ရေက ပီကောက်ချောင်းကရေကို သုံးကြတယ်။ အဲ့ချောင်းရေကလည်း နောက်ကျိနေတယ်။ သောက်ရေကတော့ ချောင်းအနီးမှာရေတွင်းတူးထားရာကနေသောက်ကြတယ်။ ရေက နောက်ကျိနေတာပဲ။ ရွံ့နံ့တွေတောင်ရတယ်။ ခမ်းလည်းခမ်းလာနေပြီ။ နွေရာသီလည်း ရောက်လာပြီဆိုတော့ ဒီရေတွေသောက်မိလို့ ဝမ်းပျက်ဝမ်းလျှော့ဖြစ်မှာလည်း စိုးတယ်။ သရက်အုပ်ရွာမှာတော့ ကန်တွေရှိတယ်။ ရွာကကန်နဲ့ စစ်ရှောင်စခန်းက ၁မိုင် ကျော် ကျော်လောက်ဝေးတယ်။ စခန်းမှာကန်ကမရှိသေးဘူး။ တူးနေဆဲပဲရှိသေးတယ်" ဟု ပြောသည်။

 

စခန်းရှိလူဦးရေများပြားမှုကြောင့် သရက်အုပ်စစ်ဘေးရှောင်စခန်းတွင် သောက်ရေကန်အဖြစ် အသုံးပြုနေကြသည့် ရေတွင်းများတွင် ရေများခမ်းခြောက်နည်းပါးလာ၍ ရေများနောက်ကျိနေကာ သောက်သုံးရန်အတွက် အဆင်မပြေဖြစ်နေသည်ဟု သရက်အုပ်စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင် များက ပြောသည်။ ( NN-12)

ဆက်စပ် သတင်းများ