သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မီးရှို့ခံခဲ့ရသည့် လက္ကာကျေးရွာနှင့် ဖားပြိုကျေးရွာတွင် နေအိမ်များပြန်ဆောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k

အောင်လင်းထွန်း

နိရဉ္စရာ၊ မေ ၁ /၂၀၂၁

မီးရှို့ခံရသည့်မြောက်ဦးမြို့နယ်လက္ကာကျေးရွာနှင့် မင်းပြားမြို့နယ် ားပြိုကျေးရွာနှစ်ရွာကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတို့ ပူပေါင်း၍ လူနေအိမ် ပြန်ဆောက်ပေးနေကြောင်း သတင်းရရှိသည်။

ဆောက်လုပ်နေသည့်နေအိမ်များမှာ လက္ကာကျေးရွာတွင် ၁၉၇ ဆောင်ဖြစ်ပြီး ဖားပြို့ကျေးရွာတွင် ၄၁ ဆောင်ကို ဆောက်ပေးသွားမည်ဟု  ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းမှပြောသည်။

အခုလက္ကာကျေးရွာကို စလို့ဆောက်နေတယ်။ လက္ကာကျေးရွာနဲ့ တစ်ပြိုင်တည်း မင်းပြား ဖားပြို ကျေးရွာမှာလည်း ဆောက်ပေးသွားပါမယ်။ အခုဆောက်နေတာက မီးလောင်သွားတဲ့ အိမ်တွေကိုဘဲ ပြောတာ တစ်ဝက်တစ်ပျက်လောင်သွားတဲ့အိမ်ကို ကျသင့်သလောက် ထောက်ပံ့ကြေး ငွေပေးပြီး ပြန်ပြင်ခိုင်းနေတယ်ဟု ပြောသည်။

 ၂၀၂၀ ခုနှစ် မေလ ၁၆ ရက်နေ့က မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာတွင် မီးလောင်ခဲ့ပြီး နေအိမ် ၁၉၇ လုံး ပျက်စီးဆုံးရှုံးသွားခဲ့သည်။ ၎င်းမီးမှာ တပ်မတော် စစ်ကြောင်းတစ်ခု ရွာထဲ ဝင်ရောက် သွားပြီး သေနတ်သများထွက်ပေါ်လာပြီးနောက် မီးလောင်ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောဆိုသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးက တပ်မတော်သားများမီးရှို့ခြင်းမှာ မဟုတ်မှန်ကြောင်း မေလ ၁၇ ရက်နေ့တွင် ငြင်းဆိုသည်။

၎င်းလက္ကာကျေးရွာတွင် အိမ်ခြေ ၃ဝဝကျော်ရှိပြီး လူဦးရေ နှစ်ထောင် ကျော်နေထိုင်ခဲ့ကြကြောင်း၊ လက်ရှိတွင် ၎င်းကျေးရွာသားများမှာ ပီပင်ရင်းစစ်ဘေးရှောင်စခန်း၊ တိမ်ညိုစစ်ဘေးရှောင်စခန်း၊ ဘူးရွက်မညိုးကျေးရွာနှင့် ဘုရားကြီးကျေးရွာစသည့် နေရာများတွင် ၂ဝ၁၉ ခုနစ် ဧပြီ ၁ဝ ရက်နေ့ ကစပြီးထွက်ပြေး ခိုလှုံ နေကြရကြောင်း သိရသည်။

ယခုလက်ရှိမှာ ရခိုင်ပြည်တွင် တိုက်ပွဲများ ရပ်တန့်နေသော်လည်း တိုက်ပွဲပြန်ဖြစ်လာပါက ပြန်လည်ထွက်ပြေးရမည်ကို စိုးရိမ်ကြောင်း လက္ကာကျေးရွာဒေသခံ ဦးအောင်သိန်းထွန်းမှပြောသည်။

အိမ်ဆောက်ပြီး ရွာပြန်သွားမှဘဲ တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်ပါတယ်။ ိမ်ပြန်ဆောက်နေတာက ခုမှစလို့ဆောက်နေတာ အောက်ခြေ အုတ်မြစ်တွေ ချနေတုန်းဘဲ ရှိပါသေးတယ်။ အိမ် ၁၉၅ ဆောင် ဘုန်းကြီးကျောင်းနှစ်ကျောင်းကို အစိုးရကတော့ တစ်အိမ်ကို သိန်း ၅၀ ပေးတယ်။ အခုလက်ရှိ ပျက်စီးနေတာက မီးမလောင်တဲ့အိမ်နဲ့ မီးလောင်တဲ့အိမ်နဲ့အတူတူဖြစ်နေပြီ လူမနေလို့ အိမ်ပျက်စီးသွားတာ တစ်ရွာလုံးနီးပါးပါဦးအောင်သိန်းထွန်းကပြောသည်။

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင်လည်း ၂၀၂၀ ခုနှစ် မတ်လတွင် မီးလောင်သွားသည့် နေအိမ် ၄၁ ဆောင်ရှိကြောင်း သိရည်။

 လက္ကာကျေးရွာတွင် မီးလောင်ပျက်စီးသွားသည့် နေအိမ်ပြန်ဆောက်နိုင်ရန်အတွက်သာ ပိုက်ဆံရရှိပြီး တစ်ဝက်တစ်ပျက်ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ပိုက်ဆံမရရှိသေးကြောင်း ဦးအောင်သိန်းထွန်က ထပ်လောင်း ပြောဆိုသည်။

(ဓာတ်ပုံ- လက္ကာကျေးရွာ  ၂၀၂၀ ခုနှစ် မေလ ၁၆ ရက်နေ့ မီးရှို့ခံရပြီးမြင်ကွင်း)

ဆက်စပ် သတင်းများ