ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ ရခိုင်မြောက်ပိုင်းဖြတ်လေးဖြတ် အေအေကိုမထိခိုက်ဘဲ အပြစ်မဲ့ရခိုင်လူထုသာပိုမိုထိခိုက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.1k

နိရဉ္စရာ ၊ သြဂုတ် ၂၁/၂၀၂၂

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA)အား ရည်ရွယ် ပြုလုပ်ထားသော ဖြတ်လေးဖြတ်မှာ အေအေကိုမထိခိုက်ဘဲ အပြစ်မဲ့ ရခိုင်ပြည်သူလူထုကိုသာ ပိုမိုိခိုက်မှုများဖြစ်ပေါ်နေသည်ဟု ဒေသခံကျေးရွာသားများနှင့် လူမှုရေးလှုပ်ရှားဆောင်ရွက်နေသူများက ပြောသည်။

ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ဒုံးပိုက်အနီး မေယုတောင်တန်းနှင့် မောင်တောတောင်ပိုင်း ကျောက်ပန္ဒူတို့တွင် ဩဂုတ် ၁၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်( AA)တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ြဂုတ်( ၁၄ ) ရက်နေ့ကစပြီး ကျေးရွာများ၏ အထွက်အဝင်နှင့် ရိက္ခာ သယ်ယူခြင်းများကို စစ်ကောင်စီအာဏာပိုင်များက ပိတ်ပစ်ခဲ့သည်။

ထိုသို့ ပိတ်ပစ်သည့် အတွက် ကျေးရွာအများအပြားတွင် ရိက္ခာများပြတ်တောက်သွားပြီး အငတ်ဘေးကျရောက်ရန် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံအများအပြားက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

စစ်ကောင်စီတာဝန်ရှိသူများက ယခုကဲ့သို့  ကျေးရွာတရွာနှင့် တရွာအကြား ဆက်သွယ်ရေး ဖြတ်တောက်ခြင်း၊ ရိက္ခာများ ဖြတ်တောက်ခြင်းများကို ပြုလုပ်ခြင်းမှာ အေအေကို ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သော်လည်း ၎င်းဒဏ်ကို အေအေကမခံရဘဲ အပြစ်မဲ့ ရခိုင်ပြည်သူများသာ ခံစားနေကြရသည်ဟုဆိုသည်။

အဆိုးရွာဆုံးခံနေရသည် ကျေးရွာများအထဲတွင် အငူမော်- မောင်တောကားလမ်းတစ်လျှောက်ရှိ ကျေးရွာများပါဝင်ပြီး ောင်တောမြို့နယ်ဘက်ခြမ်းတွင်

အဆိုးရွာဆုံးခံနေရသည် ကျေးရွာများအထဲတွင် အငူမော်- မောင်တောကားလမ်းတစ်လျှောက်ရှိ ကျေးရွာများပါဝင်ပြီး ောင်တောမြို့နယ်ဘက်ခြမ်းတွင် အင်းဒင်၊ ပဲရုံ၊ သင်္ဘောကွေ့၊ ကျောက်ပန္ဒူ၊ ဥဒေါင်း၊ ကံဖူး၊ ဗောဓိဝေသာလီ၊ ရွှေရင်အေး၊ ဗောဓိကုန်း၊ ခရေမြိုင်၊ ကင်းချောင်း၊ ရွှေဗဟို၊ သရေကုန်းဘောင်၊ ကိုင်းကြီး၊ မောရဝတီ အစရှိသည့် ကျေးရွာ( ၁၀) ကျော် ပါဝင်သည်ဟု ဒေသခံများကဆိုသည်။

ောင်တောမြို့နယ် ဥဒေါင်းဆရာတော်က '' တိုက်ပွဲ ဖြစ်ပြီး နောက်တရက်စပြီးပိတ်ထားတာ။ ရွာတွေတရွာနဲ့ တရွာမသွားရဘူး။ ဘုန်းကြီးတို့ ရွာတွေကို မဆီမဆိုင် ဘာကြောင့် ပိတ်တာလည်း မသိဘူး။ရွာမှာ အားလုံးအခက်အခဲ ကျနေကြပြီ။တနေ့လုပ်မှ တနေ့စားရသူတွေအတွက် ပိုဆိုးနေပြီ'' ဟု နိရဉ္စရာသို့ မိန့်ကြားသည်။

ကျေးရွာများသို့ ဆန်နှင့်စားနပ်ရိက္ခာများ အမြန်ဆုံး သယ်ယူခွင့်ပြုစေချင်ပြီး၊ ယခုထက်ကြာလာပါက ငတ်ရန်သာရှိတော့ကြောင်း ဥဒေါင်းဆရာတော် က ဆက်လက်မိန့်ကြားသည်။

မောင်တောမြို့နယ်က တချို့ရွာများတွင် သွားလာခွင့်ပြုထားသော်လည်း ဆန်နှင့်စားနပ်ရိက္ခာကိုမူ လုံးဝ သယ်ယူခွင့်မပြုကြောင်း ဒေသခံများကဆိုသည်။

မောင်တောမြို့နယ် ဗောဓိကျေးရွာသားတစ်ဦးက ''ပိတ်ထားတာ ကြာပီ ဒီထက်ကြာလာရင် ငတ်ဖို့ဘဲ ှိတော့တယ်။ ဘာမှလည်း မပြောချင်တော့ပါဘူး။ ပြောလို့လည်း ထူးလာမှာမဟုတ်ဘူး၊ ငတ်လည်း ငတ်ပါစေတော့'' ဟု ဆိုသည်။

မောင်တောမြို့နယ် တမန်းသားကျေးရွာသားတစ်ဦးကလည်း'' ကျွန်တော်တို့ရွာက ပိတ်ထားတဲ့ အထဲမပါပေမယ့် ကားတွေ သွားလို့မရတော့ စားနပ်ရိက္ခာတွေ ပြတ်လုနီးနီးဖြစ်နေပြီ။ ရွာမှာ စာလာသင်တဲ့ ကျောင်း ဆရာမတွေကိုတောင် ရွာက ခွဲပေးနေရပြီ။ အခုလိုပိတ်ဆို့ထားတာ ပြည်သူ့တွေ စားဝတ်နေရေး အရမ်းခက်ခဲနေပြီ။ လူကသွားရပြီး စားကုန်တွေမသယ်ရရင်အဆင်မပြေဘူး''ဟု နိရဥ္စရာသို့ ပြောသည်။

ယခု စစ်ကောင်စီ၏ လုပ်ရပ်မှာ လူထုအား အစာရေစာငတ်မွခေါင်းပါးအောင် ဥပါယ်တံမျဉ်နဲ့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသမီးကွန်ယက်အဖွဲ့ ဥက္ကဌ ဒေါ်ညိုအေးက ဝေဖန် ပြောဆိုသည်။

'' လူတွေက နေ့တဓူဝ ထမင်းစားဖို့လိုတယ်။ အခုလို လမ်းပိတ်လိုက်တာကတော့ အစာရေစာကို ငတ်မွတ်ခေါင်းပါးအောင်လုပ်ပြီး လူတွေကို ဥပါယ်တံမျဥ်နဲ့သတ်လိုက်တာပေါ့။ သေစေအောင်လုပ်တယ်လို့ ဆိုရပါမယ်။ လူသားချင်းစာနာမှုရှိရင် အခုလို မလုပ်သင့်ဘူး။ အင်မတန်ရက်စက်တဲ့ လုပ်ရပ်ပါ။ အပြစ်မဲ့ပြည်သူတွေကို အခုလို မလုပ်သင့်ပါဘူး'' နိရဉ္စရာသို့ ပြောသည်။

ယခုလို သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ထားပါက စားဝတ်နေရေး အခက်အခဲဖြစ်ပြီး ပြည်သူများအကြား နေရပ်ပြောင်းရွှေ့မှု ဖြစ်ပေါ်လာနိုင်သည်ဟု  မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဌ ဦးဘလှိုင်က ပြောသည်။

'' အခုလို ရက်ရှည်ပိတ်ထားရင် ငတ်တော့မယ်။ အခုဆို ဥဒေါင်းရွာှာ လူတွေ ငွေကြေးကပ်တည်းပြီး တဖက်မှာလည်း ဆန်တွေ ဆီတွေဝယ်မရဘူး ကြားတယ်။ နောက်ဆို ဆန်တွေ ရိက္ခာတွေ လုတာတွေ ဖြစ်လာလိမ့်မယ်။ နေရပ်ပြောင်းရွေ့တာတွေ ဖြစ်လာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာဖို့ ပဲ ရှိတယ်။ နှစ်ဖက်တပ်တွေကြားက အပြစ်မဲ့ ပြည်သူတွေကို ငဲ့ညှာပေးစေချင်တယ်'' ဟု နိရဉ္စရာသို့ ပြောသည်။

ယခုထက် အချိန်ကြာမြင့်စွာ ပိတ်ဆို့ထားပါက ဒေသတွင်း လုယက် အကြမ်းဖက်မှုများ ဖြစ်လာနိုင်ပြီး အခြေအနေပိုဆိုးလာလျှင် ပါတီဗဟိုကဆင့် နေပြည်တော် နစကကောင်စီအထိ တင်ပြသွားမည်ဟု ဦးဘလှိုင်က ပြောသည်။

သြဂုတ်လ ၁၃ ရက်က မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး မြန်မာ စစ်တပ်ဘက်က အကျအဆုံး အများအပြားရှိခဲ့သဖြင့် အေအေအား ရိက္ခာဖြတ်၊ ဘဏ္ဍာငွေဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်၊ လူထုနှင့်အဆက်အသွယ်ဖြတ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မောင်တော ဒေသခံ တစ်ဦးက ဒီလောက် ဖုန်းခေတ်၊ အင်တာနက်ခေတ်မှာ ဘယ်လိုလုပ်ပြီး ဒီဖြတ်လေးဖြတ်က အောင်မြင်ပါမလဲ။ ပီးရင် အေအေက အင်အားအများအပြားနဲ့ နယ်မြေ အများအပြားကို စိုးမိုးထားတာ။ သူတို့က ရွှေ့ချင်တဲ့ အချိန် သူတို့တပ်ကို ရွှေ့လို့ရတယ်။ သွားချင်တဲ့ နေရာ ကြိုက်တဲ့ အချိန်သွားလို့ရတယ်။ ရိက္ခာဆိုတာလည်း သူတို့ အတွက် မရှားဘူး။ ဒီလို ဖြတ်လေးဖြတ်လုပ်တာက အေအေကို မထိခိုက်ဘဲ လူထုကိုသာထိခိုက်နေတယ်ဟု ပြောဆိုသည်။

ယခုကဲ့သို့ ဖြတ်လေးဖြတ်ပုံစံ ပိတ်ဆို့မှုကို စစ်ကောင်စီဘက်က ပြုလုပ်ထားသဖြင့် ဒေသခံ ပြည်သူများသာ ထိခိုက်နေရသည်မဟုတ်ဘဲ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်းများတွင်လည်း စားနပ်ရိက္ခာ၊ ဆေးဝါးက အစ ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။ (NN-16)

(ဓာတ်ပုံ- ဩဂုတ် ၁၃ ရက် မေယုတောင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအကြားက ထွက်ပြေးလာကြသည့် ရသေ့တောင်မြို့နယ်မှ ဒေသခံများကို တွေ့ရစဉ်/ မူလ ဓာတ်ပုံပိုင်ရှင်ကို Credit ပေးပါသည်။)

ဆက်စပ် သတင်းများ