ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်ကို မောင်တောဆေးရုံသို့ ပို့ဆောင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.9k

နိရဉ္စရာ၊ စက်တင်ဘာ ၂၄/၂၀၂၂

ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်(မူဆလင်)ရွာကို စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီခွဲအချိန်တွင် လက်နက်ကြီးကျရောက်ခဲ့သဖြင့် အသက် (၇) နှစ်အရွယ် မောင်အာမာန်ဖာရူစ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ကလေးငယ်ကို ယနေ့တွင် ဘူးသီးတောင်မြို့နယ်ဆေးရုံက မောင်တောခရိုင်ဆေးရုံးသို့  ပို့ဆောင်လိုက်ရသည်ဟု သိမ်တောင်ရွာမှာ ဒေသခံတစ်ဦးက ပြောသည်။

"မနေ့က ညနေ ၆ ခွဲလောက်ရှိမယ် လက်နက်ကြီးကျလို့ အဲ့ဒီကလေးမှာ ဒဏ်ရာရသွားတယ်။  ပေါင်နားကို ထိသွားတယ်လို့ သိရါတယ်" ဟု ပြောသည်။

၎င်းကလေးငယ်၏ ဒဏ်ရာမှာ ရိုးထိသွားခဲ့သဖြင့် ဘူးသီးတောင်ဆေးရုံတွင် အရိုးအထူးကုမရှိ၍ ယနေ့စက်တင်ဘာလ  ၂၄ ရက်နေ့ မောင်တောဆေးရုံသို့ ထပ်မံပို့ဆောင်လိုက်ရကြောင်း ဘူးသီးတောင်မြို့ခံ တစ်ဦးက နိရဉ္စရာ ပြောသည်။

၄င်းက ''မနေ့က ဘူးသီးတောင်ဆေးရုံမှာပါ ။ ဘူးသီးတောင်ဆေးရုံမှာ အရိုးအထူးအကုမရှိလို့ ဒီနေ့ မောင်တောက ခရိုင်ဆေးရုံကို ပို့လိုက်ပါတယ်''ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ လူနေရပ်ကွက်ကျေးရွာများကို ကျရောက်ပေါက်ကွဲ၍ သြဂုတ်လ ၂၈ နေ့မှ ယနေ့အထိ သေဆုံးသူ ဦးအထိရှိခဲ့ပြီး ဒဏ်ရာရသ၁၅ဦးခန့် ရှိကြောင်း သိရသည်။

သြဂုတ်လ (၂၈)ရက်နေ့တွင် ကျေးရွာပတ်ဝန်းကျင်တွင် ည်သည့်တိုက်ပွဲမှ ဖြစ်ပွားမှုမရှိပဲ ပြည်သူများကို ပစ်မှတ်ထားကာ လက်နက်ကြီးဖြင့်ပစ်ခတ်မူကြောင် မြောက်ဦးမြို့နယ်၊ကင်းဆိပ်ရွာမှ ကလေးငယ်အပါအဝင် အရပ်သား ဦး ေဆုံးပြီး () ဦးဒဏ်ရာရခဲ့သည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ညကလည်း စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ကျောက်တော်မြို့ သိန်းဆန်းတည်ခိုခန်းတွင် တည်းခိုနေသူ တစ်ဦးကို ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

ဆက်စပ် သတင်းများ