သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှ ကျွန်းများတွင် အမြောက်လက်နက်များ လေ့ကျင့်ပစ်ခတ်မည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 727

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၈/၂၀၂၁

ရခိုင်ပြည်နယ်မှ တပ်စခန်းချထားရာ မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်းတို့တွင် တိုက်ပွဲဝင်အသင့်ရှိစေရေးတို့အတွက် အမြောက်လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက ဖေဖော်ဝါရီ ၁၆ ရက် လက်မှတ်ထိုး ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံသို့ ပေးပို့သောစာတွင် ၂၀၂၁ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မေယုကျွန်းစခန်းနှင့် နံ့သာကျွန်းစခန်း လေ့ကျင်ပစ်ခတ်ချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လေ့ကျင့်ပတ်ခတ်မည့် ကျွန်းစခန်း၏ ရေပြင်နယ်နိမိတ် အနီး(၁၀) မိုင် ပတ်လည်အတွင်းသို့ လှေ/ စက်လှေ/ သင်္ဘောများနှင့် လူများ သွားလာမှု မရှိစေရေး ရပ်ကွက်/ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ အသိပေးအကြောင်းကြားပါသည်ဟု ပါရှိသည်။

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက “ ဟုတ်ပါတယ်။ စာထုတ်ထားတာ ဟုတ်ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီကိုတော့ စာပို့ထားပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ အဲဒီနေ့ အဲဒီပတ်ဝန်းကျင်ကနေ ရှောင်ရှားဖို့ အသိပေးထားပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ကျွန်းအနီးဝန်းကျင်တွင် ငါးဖမ်းလှေများအနေဖြင့် သတိပြုရှောင်ရှားကြရန် လိုအပ်သည်ဟု သိရသည်။

၎င်းအမြောက်ပစ်ခတ်လေ့ကျင့်မှုကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်းတို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

ဆက်စပ် သတင်းများ