ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

AA ကိုအမဲသားသွားရောင်း၍ ဖမ်းဆီးခံရသူ စစ်တွေကမူဆလင် ၅ ဦး ခံဝန်ဖြင့်ပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.6k

သဉ္စာနွယ်
နိရဉ္စရာ၊ မေ ၆ / ၂၀၂၂
ရက္ခိုင့်တပ်တော် (AA)ကို အမဲသားသွားရောင်းချမှုကြောင့် စစ်တွေမြို့နယ်မှ ဖမ်းဆီးခံထားရသူမူဆလင်ရွာသား ၅ ဦးကို ခံဝန်ဖြင့် ယမန်နေ့ ညနေက ပြန်လွတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။
ခံဝန်ကတိဖြင့် ပြန်လွတ်လွတ်လာရာတွင် ပါဝင်သူတစ်ဦးက " ကျနော်တို့ ULA/AAရှိတဲ့ နေရာကို အမဲသားသွားရောင်းကြလို့။ သူတို့နဲ့ ဆက်စပ်တယ် ဆိုပြီးဖမ်းတာ။ နောင်နောင်မလုပ်ကြဖို့ ခံဝန်ကတိထိုးခိုင်းပြီး လွတ်ပေးလိုက်တယ်။ အထဲမှာအရိုက်ခံရတာတွေတော့ နည်းနည်းရှိတယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။
ပြန်လွတ်လာသူ ၅ ဦးမှာ မကျည်းမြိုင်ရပ်ကွက် အကွက် ၉ မှ ဦးနာဂူ(ခ) ဦးမောင်ဘ၊ သက္ကယ်ပြင် ကျေးရွာမှ ဦးအီးစူး(ခ)ဦးလှမြင့်နှင့် ဦးကျော်နု၊ ဘောဒူဖကျေးရွာမှ ဦးနူရ်ဟူးဆောင်း (၆၉)နှစ်၊ ဒါးပိုင်ကျေးရွာမှ ဦးဆော်လိမ်း(ခ) စောနီတို့ဖြစ်ကြပြီး ၄င်းတို့ ၅ ဦးသည် မေလ ၅ ရက် ညနေက ပြန်လည်လွတ်မြောက်လာခဲ့သည်။
သက္ကယ်ပြင်ကျေးရွာတာဝန်ခံက " မနေ့ညက ၅ ယောက် ပြန်လွတ် ပေးလိုက်တယ်။ ကျန်တဲ့ကိစ္စတော့ အတိအကျမသိသေးဘူး"ဟု ပြောသည် ။
၎င်းတို့သည် မေလ ၃ ရက်နေ့က နေအိမ်အသီးသီးမှ စစ်တပ်နှင့် ရဲတို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရပြီး ၃ ရက်အကြာတွင် ပြန်လွတ်လာကြသည်။
သူတို့ပြန်လွတ်လာသော်လည်း မေလ ၄ ရက်နေ့ကအဖမ်းဆီးခံရသော ဘောဒူဖကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်၊ ကြက်ကိုင်းတန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန် အပါအဝင် နောက်ထပ် အနည်းဆုံး ၂ ဦးမှာ ပြန်မလွတ်သေးကြောင်းသိရသည်။

ဆက်စပ် သတင်းများ