အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

သထုံခရိုင်တွင် (၆)လအတွင်းတိုက်ပွဲပေါင်း(၂၀၉)ကြိမ်ဖြစ်ပြီး စကစတပ်သား၄၄၅ ဦးကျဆုံးကာ KNLA/KNDO မှ ၇ ဦးကျဆုံးကြောင်း KNU ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.6k

နိရဉ္စရာ၊ ဇူလိုင် ၁၁/ ၂၀၂၂

 

ကေအဲန်ယူ-သထုံခရိုင်တွင် ဖြစ်ပွားခဲ့သော (၆)လအတွင်း တိုက်ပွဲပေါင်း (၂၀၉)ကြိမ် စကစတပ်သား ကျဆုံး ၄၄၅ ဦး၊  KNLA/KNDO က ကျဆုံး ၇ ဦးရှိကြောင်း   KNU ဗဟိုက ဇူလိုင်၉ရက်နေ့က သတင်းထုတ်ပြန်သည်။  

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ အမှတ်(၁)တပ်မဟာ အုပ်ချုပ်နယ်မြေထဲ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လအတွင်းတိုက်ပွဲသတင်းများကို KNLA တပ်မဟာဌာနချုပ်ရုံးမှ စာရင်းပြုစုထားကြောင်း၊  ဇန်နဝါရီလမှ ဇွန်လအတွင်း နယ်မြေကျူးလွန် စစ်ရေးလှုပ်ရှားလာသော အာဏာသိမ်းစစ်ကောင်စီ တပ်များနှင့် ကေအဲန်ယူ-သထုံခရိုင်၊ အမှတ် (၁) တပ်မဟာ လက်အောက်ခံတပ်များအကြား ထိတွေ့ပစ်ခတ်မှု တိုက်ပွဲပေါင်း (၂၀၉)ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ (၆)လအတွင်း နှစ်ဖက်ပစ်ခတ်မှုများ၌ အာဏာသိမ်းစစ်ကောင်စီဖက်မှ (၄၄၅)ဦးသေဆုံးကာ (၃၂၂)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

 

၎င်းပြင် KNU ဆီသို့ လက်နက်ချအလင်းဝင်လာသူ (၃)ဦးရှိသည်။

 

တိုက်ပွဲဖြစ်ပွားသည့် (၆) လအတွင်း KNLA/KNDO နှင့် ပူးပေါင်းတပ်က (၇)ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးရှိကြောင်း ဖော်ပြသည်။


ယခုနှစ် ၂၀၂၂ ခုနှစ်၊ နှစ်ဝက်တာကာလအတွင်း KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ အသီးသီး၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ နှစ်ထောင်ကျော် သေဆုံးသွားခဲ့ကြောင်း ယမန်နေ့ ဇူလိုင်လ ၆ရက်နေ့က ထုတ်ပြန်သည့် KNU ၏ နှစ်ဝက်ကာလ တိုက်ပွဲအနှစ်ချုပ်ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီလမှစ၍ ပြီးခဲ့သည့် ဇွန်လအထိ KNU ထိန်းချုပ်နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO နှင့် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်(BGF) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲပေါင်း (၂,၆၈၆) ကြိမ်တွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများကာ စုစုပေါင်း (၂,၂၀၈) ဦး သေဆုံးသွားကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဆက်စပ် သတင်းများ