သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မာန်အောင်မြို့ကမ်းခြေတစ်ခုတွင် တော်ပီတိုတစ်လုံးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.8k

နိရဉ္စရာ၊ ဇူလိုင် ၁၃/ ၂၀၂၂

 

ယနေ့ ဇူလိုင် ၁၃ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မိန်းမကြွယ်ကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် တော်ပီတိုတစ်လုံးကို ဒေသခံများတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

 

၎င်းသည် တော်ပီတိုကို ယနေ့နံနက် သောင်တင်လျှက်တွေ့ ခဲ့ရပြီး ၎င်း အရာ၀တ္ထုပေါ်တွင် D&P Torpedo ဟု ရေးသားထားသည်ဟု ဒေသခံများက ပြောဆိုသည်။

 

မိန်းမကြွယ်ကျေးရွာ အုပ်ချုပ်ရေးမှူးက အရှည် ၉ ပေ၊ လုံးပတ် ၃ ပေပတ်လည်ရှိကြောင်း၊ လက်ရှိတွင် တာဝန်ရှိသူများ စစ်ဆေးရန် ရောက်ရှိနေကြောင်း ပြောဆိုသည်။

 

အဆိုပါ အရာ၀တ္ထုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ စစ်ဆေးပေးရန် လိုလားနေကြသည်ဟုဆိုသည်။

 

နိရဉ္စရာသတင်းဌာန အနေဖြင့်လည်း မည်ကဲ့သို့ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာသည်ကို သိရှိနိုင်ရန် ဆက်လက်မေးမြန်းစုံစမ်းနေပါသည်။

 

(ဓာတ်ပုံ- U San Myat Shwe)

ဆက်စပ် သတင်းများ