သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းတွင် ယနေ့နံနက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်သံများကို ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နံနက် ၇ နာရီကျော်မှစကာ ၁၁ နာရီကျော်အထိ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းအလွန် တရိန်းနှင့် မြဝတီရွာကြားရှိ တောတောင်များဘက်မှ အပြန်အလှန်ပစ်ခတ်သံများကို ကြားခဲ့ရကြောင်း ပြောသည်။
ဒေသခံတစ်ဦးက "လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေပါ ကြားရပါတယ်။ နှစ်ဘက် အပြန်အလှန်ဖြစ်ကြတဲ့အခြေအနေပါ"ဟု ပြောသည်။
အပြန်အလှန်ပစ်ခတ်သံများကို နံနက် ၇ နာရီကျော်တွင်တစ်ကြိမ်နှင့် နံနက် ၁၁ နာရီကျော်တွင် တစ်ကြိမ်ကြားခဲ့ရသည်ဟုလည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
"မနက်ကတည်းကကြားနေရတာ။ ရွာကလူတွေတော့ တချို့တွေ ရှောင်နေကြတယ်။ အခြေနေအရတော့ နှစ်ဘက်ဖြစ်နေတာပါ" ဟု ပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် AA အပါအဝင် ARSA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လှုပ်ရှားနေသည့်နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယခုဖြစ်ပွားနေသည့်တိုက်ပွဲမှာ မည်သည့်အဖွဲ့တို့ဖြစ်နေသည်ကို နိရဥ္စရာအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
AA နှင့် စစ်ကောင်စီတို့ဖြစ်ခြင်း ဟုတ်/မဟုတ်ကိုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ (NN-7)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ