ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မောင်တောတွင် သံသေတ္တာ ၇ လုံးနှင့်အတူ ဒုတိယကမ္ဘာစစ်ကျန် ဗုံးသီးဟောင်းအလုံး ၁၂၀ တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.6k

သဥ္ဇာနွယ်

နိရဥ္စရာ၊ အောက်တိုဘာ ၈/ ၂၀၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၃ မိုင်ရပ်ကွက်တွင် ငါးကန်ပတ်လမ်းဖောက်လုပ်ရာမှ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးသီးဟောင်း အလုံး ၁၂၀ ကိုတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောမြို့ ၃ မိုင်ရပ်ကွက်ရှိ MD PLUS ရေသန့်စက်ပိုင်ရှင် ဦးနေမျိုးထိုက်အောင်ပိုင်ဆိုင်သော မြေဧက ၃၀ ခန့်အား ယမန်နေ့ အောက်တိုဘာ ၇ ရက် ညနေ ၂ နာရီခန့်က ဘတ်ဟိုးတစ်စီးဖြင့် ရေကန်ပတ်လမ်းဖောက်လုပ်နေစဉ် သံသေတ္တာ ၇ လုံးအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မောင်တော ၄ မိုင်အုပ်ချုပ်ရေးမှူး ဦးရွှေမောင်က နိရဥ္စရာသို့ အတည်ပြုပြောသည်။

ရေသန့်စက်ရုံအရှေ့က တောင်နားက ငါးကန်လမ်းကိုဖောက်နေတာ။ ဘတ်ဟိုးနဲ့တူးတဲ့အခါတွေ့တယ်။ ဗုံးသီးဟောင်းတွေကတော့ မပေါက်ကွဲသေးဘူးဟု ပြောသည်။

အဆိုပါဗုံးသီးဟောင်းများမှာ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်တပ်ကအသုံးပြုခဲ့သော မော်တာဗုံးသီးဟောင်းများဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် အဆိုပါဗုံးသေတ္တာနှင့် ဗုံးသီးများကို စစ်တပ်က ကားဖြင့်ရောက်လာသိမ်းဆည်းသွားကြောင်း သိရသည်။

ဓာတ်ပုံ - ဗုံးသီးဟောင်းများထည့်ထားသည့် သံသေတ္တာဟောင်းများအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ