အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ဖေဖော်ဝါရီလထုတ် နိရဉ္စရာရခိုင်သတင်းဂျာနယ်ထွက်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၆/၂၀၂၂
အတွဲ၇၊ အမှတ်(၅)၊ ဖေဖော်ဝါရီလထုတ် နိရဉ္စရာရခိုင်သတင်း ဂျာနယ် ထွက်ရှိလာပြီ ဖြစ်ပြီး ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၂၆ )ရက်တွင် ဖြန့်ချီသွားမည် ဖြစ်ပါသည်။
ယခုလထုတ် နိရဉ္စရာရခိုင်သတင်ဂျာနယ်တွင် ဖော်ပြပါရှိသော ဆောင်းပါးများမှာ မိုးချေ(နတ်မြစ်)၏ စိတ်၊ လေး၀တီစိုးမောင်ကြည်၏ ရခိုင်ပြည်နယ်မှ ထူးခြားညီတူဗုဒ္ဓစက်တော်ရာနှစ်ဆူ၊ ရက္ခ၏ ရက္ခပန်းချီရေးနေသည်၊ ဈာဟိန်း(မြောင်းဘွေ)၏ ရခိုင်သမိုင်းထဲက ထင်ရှားသောလေးမြို့မြစ်၊ မောင်ညိုမှိုင်း(စက်သား)၏ မြောက်ဦး မြို့နယ်တောင်ပိုင်းသို့ ဝင်ရောက်မွှေနှောက်လာနေသော မူးယစ်ဆေးနှင့် လောင်းကစားအန္တရာယ်၊ မောင်သက်ဝေ(အမ်း)၏ အရက်ကျေးကျွန် ရခိုင်လူငယ်များသို့၊ CWM ၏ စစ်ဖြစ်တော့မှာလား.... တို့ဖြစ်ကြသည်။
ယင်းအပြင် မြင့်သုမိုး၏ 'ဖြေမဆည်နိုင်' ၀တ္ထုကိုလည်း ဖော်ပြပေးထားပါသည်။
အင်တာဗျူးတွင် လာမည့် ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြု ( PR) စနစ် ကျင့်သုံးမည့်အပေါ် ရခိုင်နိုင်ငံရေးသမားများအမြင် (ဒေါက်တာအေးမောင်၊ ဦးသာထွန်းလှနှင့် ဦးဖေသန်း) တို့အား မေးမြန်းသည့် အင်တာဗျူး၊ ရက္ခိုင့်တပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် Asia Times အင်တာဗျူးနှင့် ရခိုင်ဝါရင့်စာရေးဆရာ အရှင်ဇေယန္တဗောဓိ (ပန်းအောင်) စာပေရေးရာ အင်တာဗျူး ဒုတိယ ပိုင်းကို ဖော်ပြထားပါသည်။
ယခုဂျာနယ်တွင် ကျော်ကျော်(တောင်ကုတ်)၏ သာစွ..ရခိုင်၊ Dလင်းညို၏ သမိုင်းလှဖို့၊ လခြမ်းအိမ်၏ ငရို့အိမ် စသည့် ကဗျာများကို ထည့်သွင်း ဖော်ပြထားပါသည်။
၎င်းပြင် ရခိုင်ပြည်နယ်အတွင်းမှ နောက်ဆုံးရ သတင်းများ၊ သိသင့် သိထိုက်သော ပြည်တွင်း ပြည်ပ သတင်းများကိုလည်း ထည့်သွင်း ဖော်ပြထားပါသည်။
ယခုလထုတ် နိရဉ္စရာသတင်းဂျာနယ်မှာ စီစဉ်သူများ၏ ကျန်းမာရေး အခြေအနေကြောင့် အချိန်အနည်းငယ် နောက်ကျပြီးမှ ထွက်ရှိလာမှု အပေါ် ပရိသတ်များကို အထူးတောင်းပန် အပ်ပါသည်။
ဤဂျာနယ်အား ဝယ်ယူဖတ်ရှုကြသူများအားလုံးကို အထူးကျေးဇူး တင်အပ်ပါသည်။

ဆက်စပ် သတင်းများ