စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အတွဲ ၇၊ အမှတ် ၆ နိရဉ္စရာရခိုင်သတင်းဂျာနယ်ထွက်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

နိရဉ္စရာ၊ ၂၇ မတ် ၂၀၂၂
အတွဲ ၇၊ အမှတ် ၆ နိရဉ္စရာရခိုင်သတင်းဂျာနယ်သည် ယနေ့ ထွက်ရှိလာပြီ ဖြစ်ပြီး ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ မတ် ၂၈ ရက်နေ့တွင် စတင်ဖြန့်ဝေမည် ဖြစ်ပါသည်။
လက်ရှိ ထွက်လာသည့် ဂျာနယ်အား မတ် ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေနိုင်ရန် စီစဉ်ခဲ့ပါသော်လည်း လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေ၍ ဒီဇိုင်း၊ လေးအောက်များကို အချိန်မီ မပြင်ဆင်နိုင်၍ နောက်ကျခဲ့ရပါသည်။
ယခုလထုတ် ဂျာနယ်တွင် ပါရှိသည့် ဆောင်းပါးများမှာ ဆရာရက္ခ၏ “မြောက်ဦးဧည့်မျှော်များ၏ သောက” ၊ဈာန်လှိုင်း (သံတွဲ)၏ “အနောက်တံခါးက ရွှေတောင်ရွာသစ်”၊ မောင်မေယု (ဘူးသီးတောင်)၏ “ဂျာနယ်တစ်စောင် ရှင်သန်ခွင့်”၊ မာန်ယုကျော် (ရွှေဝမြေ)၏ “ရခိုင်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာမည်လား”၊ စီဒဗလျူအမ်၏ “ဘာကြောင့် ယူကရိန်းစစ်ပွဲကို အမေရိကန် လက်ရှောင်ရသလဲ” စသည်တို့ ဖြစ်ကြပါသည်။
အင်တာဗျူးကဏ္ဍတွင် ရခိုင်စစ်ဘေးရှောင်တွေ အိမ်ပြန်မည့်အပေါ် အမြင်များ၊ စာရေးဆရာ နောင်အေး (မောင်ကျော်ဇော)နှင့် စာပေရေးရာအင်တာဗျူး၊ လက်ရှိ ရခိုင်နိုင်ငံရေး စစ်ရေး အခြေအနေများနှင့် ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းနှင့် မေးမြန်းချက်တို့ကို ဖော်ပြထားသည်။
ကဗျာကဏ္ဍတွင် ကိုမောင်သိန်း(ရှစ်လေးလုံး)၏ သုံးပါးရတနာ၊ ရဲကျော်ဇံ (မယူကမ်း)၏ အဖပြည်သမိုင်း မရိုင်းစီရ တို့ကို ရွေးချယ်ဖော်ပြထားပါသည်။
၎င်းပြင် ပြည်တွင်း ပြည်ပသတင်းများကိုလည်း ပရိသတ်များ အကြိုက်ဖြစ်စေရန် ရွေးချယ် ဖော်ပြထားပါသည်။

ဆက်စပ် သတင်းများ