သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ခေတ်ပေါ်ကဗျာပွဲတော် ရသိတောင်မြို့တွင်ပြုလုပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.3k

နိရဉ္စရာ၊ မေ ၁၄ / ၂၀၂၂
ရခိုင်ခေတ်ပေါ်ကဗျာ တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကဗျာပွဲတော် တစ်ခုကို ပထမဆုံးအကြိမ် ရသိတောင်မြို့ (ရသေ့တောင်မြို့) တွင် ကျင်းပ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
ကဗျာပွဲတော်ကို လာမည့်မေလ ၂၁ရက်မှ ၂၂ ရက်နေ့ အထိ ကျင်းပ သွားမည်ဖြစ်ကာ ရခိုင်ပြည် နယ်အတွင်းက ခေတ်ပေါ် ကဗျာရေးသားနေသည့် ကဗျာဆရာ၊ ဆရာမ ၁၅၀ကျော်ကို ပွဲတော်တွင် ပါဝင်ရန် ဖိတ်ကြားထားသည်ဟု ရသိတောင်ကဗျာပွဲတော်ကျင်းပရေး ကော်မတီဝင် လူငယ်ကဗျာဆရာ ဝင်းရိုးကပြောသည်။
"ရခိုင်ပြည်မှာ ခေတ်ပေါ်ကဗျာရေးကြတယ်။ ဆရာမောင်ခိုင်အောင်တို့ ခေတ်ကတည်းပေါ့။ အခုလူငယ်တွေလည်း ရေးနေကြတယ်။ ဒါပေမဲ့ ကဗျာရွတ်ပွဲတွေကျတော့ မလုပ်ကြဘူး။ ကဗျာပွဲ တွေကျင်းပတဲ့အားဖြင့် ကဗျာအရသာခံစား တတ်လာဖို့၊ ကဗျာနဲ့ပတ်သက်တဲ့ အသိပညာ တိုးတက်လာဖို့၊ ကဗျာဆရာ၊ဆရာမတွေ အချင်း ချင်းတွေ့ပြီးတော့ ကဗျာ ရေးချင်တဲ့စိတ်တွေ ထက်သန်လာဖို့။ ကဗျာစကား ဝိုင်းတွေ၊ ကဗျာရွတ်ပွဲ တွေဟာခေတ်ပေါ်ကဗျာတိုးတက်ဖို့အတွက် လိုအပ်တယ်"ဟု ပြောသည်။
အဆိုပါကဗျာပွဲတော်သည် ရခိုင်ပြည်နယ်တွင် ပထမဆုံးကျင်းပမည့် ပွဲတော်လည်းဖြစ်ပြီး ယင်းပွဲတော်တွင် ကဗျာစကားဝိုင်း၊ ကဗျာစာတန်း ဖတ်ပွဲတို့ကိုလည်း ထည့်သွင်း ပြုလုပ် သွားမည်ဖြစ်သည်ဟု သိရသည်။
ကဗျာပွဲတော်ကို မြို့ ၏ စေတီတောင်ဘုရား ဓမ္မာရုံတွင် ၂ရက်တာကျင်းပသွား မည်ဖြစ်သည်။ (NN-11)
(မှတ်ချက်- ပွဲစီစဉ်သူများ၏ ဆန္ဒအရ ရသိတောင်မြို့ဟုသုံးရခြင်းဖြစ်ပါသည်။)

ဆက်စပ် သတင်းများ