ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင်တစ်ပတ်အတွင်း စာပေသမားသုံးဦးကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.3k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၁၄ / ၂ဝ၂၁

ရခိုင်ပြည်နယ်၊ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ တစ်ပတ်အတွင်း ရခိုင်စာပေသမား (၃) ဦး ကွယ်လွန်သွားခဲ့ကြာင်း သတင်းရရှိသည်။

အဆိုပါစာပေသမားတို့မှာ ကာတွန်းဆရာ ဆရာဦးလှကျော်စိန်(ဦးမြအောင်နိုင်)၊ ကဗျာဆရာ ဆရာဦးမြင့်ကျော်လှိုင်၊ ကဗျာဆရာ ဆရာဦးနတ်မြစ်ကြယ်(ဦးသန်းထွန်း) တို့ဖြစ်ကြောင်း သိရှိရသည်။

ကဗျာဆရာကြီး ဆရာဦးမြင့်ကျော်လှိုင်(၇ဝ)နှစ်မှာ စစ်တွေမြို့၊ ကျောင်းတက်လမ်း ရပ်ကွက်တွင် နေထိုင်၍ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၃) ရက်နေ့တွင် အသက်ကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရှိရသည်။

ကာတွန်းဆရာကြီး ဆရာဦးလှကျော်စိန်(ဦးမြအောင်နိုင်) (၇၆) နှစ်မှာ စစ်တွေမြို့၊ မြို့သူကြီး ရပ်ကွက်တွင် နေထိုင်၍ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီ (၈) ရက်နေ့တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ဖြစ်သည်။

ကဗျာဆရာ နတ်မြစ်ကြယ်(ဦးသန်းထွန်း) (၄၅) နှစ်မှာ မောင်တောမြို့နယ်၊ ၄င်း၏ မွေးဇာတိသည် တမန်းသားကျေးရွာဖြစ်၍ ယခုလက်ရှိ ရွှေရင်အေးကျေးရွာတွင် မိသားစုနှင့်အတူနေထိုင်၍ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီ (၅) ရက်နေ့တွင် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။

ကဗျာနတ်မြစ်ကြယသည် လွန်ခဲ့သော ၈ နှစ်ခန့်ကပင် ကားမာင်းရင်း ကားတိမ်းမှာက်ပြီး ခါးဆစ်ရိုးကျိုး အောက်ပိုင်း သေသွားခဲ့သော်လည်း ကဗျာများစွာကို ရေးသားစီကုံးရင်း အသက်ရှင်သန်ခဲ့သည်ဟုလည်း သိရှိရသည်။

၄င်းစာပသမား ကွယ်လွန်သွားသူ (၃) ဦးထဲမှ ကဗျာဆရာ ဦးမြင့်ကျော်လှိုင် နှင့် ကာတွန်းဆရာ ဦးလှကျော်စိန်(ဦးမြအောင်နိုင်) တို့သည် ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာ (၂၆) ရက်နေ့တွင် စစ်တွေမြို့နယ် တတိယအကြိမ်မြောက် သက်ကြီးစာရေးဆရာပူဇော်ကန်တော့ပွဲပြုလုပ်ခဲ့ရာ၌ ပူဇော်ကန်တော့ခံခဲ့ရသူ နှစ်ဦးဖြစ်ကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ ရခိုင်စာပေသမားများ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခြင်းအပါ် ရခိုင်ပြည်နယ်အတွက် ဝမ်းနည်းကြွေကွဲရခြင်း စာရေးဆရာ ဦးဗဂျီးကျော်က ပြောသည်။

" ဒီလို ရခိုင်က စာပေသမားတွေ ကွယ်လွန်သွားတာ ရခိုင်ပြည်အတွက် ဝမ်းနည်းကြေကွဲရတယ်။ ကိုယ့်ရဲ့ မိသားစု တစ်ယောက် ဆုံးရှုံးသွားသလို ခံစားမိတယ်။ ပြီးတော့ ရခိုင်ပြည်အတွက် လမ်းပြကြယ်တစ်ပွင့် ကြွေကျသွားလိုမျိုး ခံရတယ်။ ကျနာ်တို့ ရခိုင်ပြည်မှာ စာဖတ်ပရိတ်သတ် အလွန်အားနည်းတာကို တွေ့ရတယ်။ လူငယ်တွေကို စာဖတ်ကြဖို့ တိုက်တွန်း ပြောချင်တယ်။ အမျိုးသီလကိုလည်း စောင့်ထိန်း ပေးကြပါ ̋ ဟု ပြောသည်။

စာပေသည် လူမျိုးတစ်မျိုး၏ ကြီးပွား တိုးတက်ရေးအတွက် အသက်သွေးကြောဖြစ်သဖြင့် ရခိုင်လူငယ်များကိုစာဖတ်ကြရန် တိုက်တွန်းပြောဆိုသည်။

အတွေ့အကြုံ ရင့်ကျက်သော ရခိုင်စာပေသမားများ ကွယ်လွန်သွားခဲ့သည့်အတွက် အစားထိုးမရသည့် ဆုံးရှုံးရသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်း၊ အနာဂတ် ရခိုင်ငယ်များက စာပေရေးသားနည်း အတတ်ပညာကို ဆည်းပူးလေ့လာကြစေလိုသည်ဟု စာရေးဆရာ လေးဝတီဦးထွန်းစောခိုင်က ပြောသည်။

 ̏ အတွေ့အကြုံ ရင့်ကျက်တဲ့ စာပေသမားတွေ ကွယ်လွန်သွားတာကို ကျနာ်ကတော့ ဝမ်းနည်းမိတယ်။  သူတိုရဲ့့ စာပေရေးသားနည်း ပညာတွေကို အနာဂတ်လူငယ်တွ သင်ခွင့်မရှိတာ့ဘူး။ အဲဒါကြောင့်လည်း ဝမ်းနည်း ရတယ်။ ကျနော်တို့ ရခိုင်ပြည်မှာ စာရေးဆရာ ကဗျာဆရာ အလွန်နည်းပါးတာကို တွေ့ရတယ်။ ဒီလို စာပေသမား ဦးရေနည်းတဲ့ထဲက ကွယ်လွန်သွားတဲ့သူတွေ ရှိနေတယ်။ ရခိုင်ပြည်တိုးတက်ဖို့အတွက် ကလောင် လက်နက်နဲ့ တိုက်ဖို့ စာပေသမားတွေ ပေါ်ထွန်းလာအောင် ကြိုးစားကြပါလို့ ရခိုင်လူငယ်များကို ပြောချင်ပါတယ် ̋ ဟု ပြာသည်။

ရခိုင်ပြည်နယ်၊ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ တစ်ပတ်အတွင်း ရခိုင်စာပေသမား (၃) ဦး ကွယ်လွန်သွားခြင်းသည် အစားထိုးမရသည့် ဆုံးရှုံးမှုဟု ရခိုင်စာပေသမားများက ပြောကြားသည်။

ဆက်စပ် သတင်းများ