ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

နွေရာသီကလေးစာဖတ်ဝိုင်းများ မြေပုံမြို့နယ်အတွင်း လူငယ်အသင်းတစ်ခုမှပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 1.8k

ဆောင်းဇာခြည်

နိရဉ္စရာ၊ မေ ၅/ ၂၀၂၁

 

မြေပုံလူငယ်များအသင်းမှ ကြီးမှူးပြီး နွေရာသီကလေးစာဖတ်ဝိုင်းများကို မြေပုံမြို့နယ်အတွင်း လှည့်လည်ကာ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။

 

အဆိုပါ နွေရာသီကလေးစာဖတ်ဝိုင်းများကို ပြုလုပ်ရခြင်းမှာ ကလေးသူငယ်များ စာပေကို ချစ်မြတ်နိုးလာတတ်စေရန်နှင့် စာဖတ်စွမ်းရည်တိုးတက်လာစေရန် ရည်ရွယ် ြစ်ကြောင်း မြေပုံလူငယ်များအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုစည်သူဝင်းက ပြောသည်။

 

ကျွန်တော်တို့က လူငယ်တွေက စာအုပ်တွေကိုလည်း ချစ်လာအောင်၊ စာအုပ်တွေ ငှားဖတ်လို့ရတဲ့ နေရာတစ်နေရာရှိတယ်ဆိုတာကိုလည်း သိသွားအောင်အတွက်၊ စာဖတ်တဲ့အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာအောင်အတွက်ဆိုပြီးတော့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်ဟု ပြောသည်။

 

၄င်းတို့အသင်းအနေဖြင့် မေလ ၂ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ အငူကျေးရွာတွင် နွေရာသီကလေး စာဖတ်ဝိုင်းအား ပြုလုပ်ခဲ့ကြောင်း၊ ယင်းစာဖတ်ဝိုင်းကို ထိုကျေးရွာမှ ကလေးငယ် ၅၃ ဦးတက်ရောက်ခဲ့ကြကြောင်း သူက ပြောသည်။

 

ကျွန်တော်တို့က ကလေးတွေကို ဝတ္ထုစာအုပ်တွေ၊ တခြားစာအုပ်တွေကို ဖတ်ပြပြီး စာအုပ်တွေ အကြောင်းကို ကလေးတွေနဲ့ ဆွေးနွေးပေးကြပါတယ်။ မြေပုံမြို့နယ်အတွင်းက ရွာတွေကို ကျွန်တော်တို့ အသင်းက အတတ်နိုင်ဆုံးသွားပြီးတော့ အဲလိုလုပ်ဖို့ အစီစဉ်ရှိပါတယ်။ အထူးသဖြင့် စစ်ဘေးရှောင်တွေရှိတဲ့ ရွာတွေဘက်ကို ဦးစားပေးသွားဖို့ရှိပါတယ်ဟု ဆက်ပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းက ၄င်းတို့အသင်းအနေဖြင့် မြေပုံမြို့ပေါ်တွင် စာကြည့်တိုက် တစ်ခု ဆောက်လုပ်ပေးခဲ့သည့်အပြင် ထိုကဲ့သို့ နွေရာသီကလေးစာဖတ်ဝိုင်း ၆ ခုကိုလည်း မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးသို့သွားရောက်ကာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ