သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်စာရေးဆရာဖိုးကျော့၏ “ မြေဆီမည်းမည်းသွေးရဲရဲ” (၁ဝ) ကြိမ်မြောက် မဲခေါင်စာပေဆုရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၆/၂ဝ၁၉

ရခိုင်စာရေးဆရာ ဖိုးကျော့၏ “ မြေဆီမည်းမည်းသွေးရဲရဲ” ဝတ္ထုအား ဆရာစံရွှေဘော်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည့် (I Gave My Life For Thee)သည် (၁ဝ) ကြိမ်မြောက် မဲခေါင်စာပေဆုရရှိသည်ဟု မြန်မာနိုင်ငံစာရေးဆရာအသင်းက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း (၁ဝ) ကြိမ်မြောက် မဲခေါင်စာပေဆု ရွေးချယ်ရေး ကော်မတီသည် ပြိုင်ပွဲဝင်စာအုပ်များ ဖိတ်ခေါ်၍ အပြီးသတ်စိစစ် ရွေးချယ်ခဲ့ရာ ဝတ္ထုရှည်ဆုကို ဖိုးကျော့ရေးသားသည့် “ မြေဆီမည်းမည်းသွေးရဲရဲ” (I Gave My Life For Thee) ကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုကို ကိုရိုးကွန့်ရေးသားသည့် “ဖြောင့်ဖြောင့်စင်းစင်း” ဝတ္ထုတိုများ (Straight As snake and Selected Short Stories) ကလည်းကောင်း အသီးသီးဆုများရရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆရာဖိုးကျော့၏  “ မြေဆီမည်းမည်းသွေးရဲရဲ” ကို ၁၉၇၂ ခုနှစ်က ထုတ်ဝေခဲ့ပြီး ၎င်းဝတ္ထုကို ဆရာစံရွှေဘော်က I Gave My Life For Thee ဝတ္ထုအမည်ဖြင့် အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သည်။

၎င်းဝတ္ထုမှာ အင်္ဂလိပ်အစိုးရလက်ထက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်မှ ရေနံမြေအကြောင်းကို နောက်ခံပြု ရေးဖွဲ့ ထားသော ဝတ္ထုဖြစ်သည်။

ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ်(ယူနန်ပြည်နယ်)နိုင်ငံတို့ ပါဝင်သည့် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများအတွက် ချြီး့မှင့်သည့် (၁ဝ) ကြိမ်မြောက် မဲခေါင်စာပေဆု ချီးမြှင့်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ယခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံများကို Shin Min Khaing Post မှ ကူးယူဖော်ပြသည်။)


ဆက်စပ် သတင်းများ