စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တွင်းက စာဖတ်သူများလာသည့် ရွေ့လျားစာကြည့်တိုက်များ ကိုဗစ်ကြောင့်ရပ်နားထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.5k

အေးမြတ်ခိုင်

နိရဥ္စရာ၊ သြဂုတ်လ /၂၀၂၁

ရခိုင်ပြည်နယ်ထဲက မြို့နယ်အများအပြားတွင် စာပေချစ်မြတ်နိုးကြသည့် လူငယ်များ ဦးစီးတည်ထောင်ဖွင့်လှစ်ထားသည့်  ရွေ့လျားစာကြည့်တိုက်များမှာ ကိုဗစ်ကူးစက်မှု မြင့်မားလာသည့်အတွက် ရပ်နားထားခဲ့ရကြောင်း သတင်းရရှိသည်။

 ပထမနှင့် ဒုတိယလှိုင်းထက် တတိယလှိုင်းတွင် ကိုဗစ်ကူစက်မှုက ရခိုင်တွင် များလာသဖြင့်  ရပ်နားထးရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့  ရပ်နားထားရသဖြင့် ာပေကို စိတ်ဝင်စားသည့် ူငယ်များ၏ စာဖတ်နှုန်းလျှော့ကျသွား စိတ်မကောင်းဖြစ်ရကြောင်း ရမ်းဗြဲမြို့ စာလှီအသင်းမှ မစုမြတ်ထွေးက နိရဉ္စရာကို ပြောသည်။

ကိုဗစ်ကာလဆိုတဲ့အခါကျတော့ ရပ်ထားတယ်။ ဘာလို့ဆို လူစုလူဝေးဖြစ်မှာ ကြောက်လို့လေ။ ပထမ နဲ့ ဒုတိယလှိုင်းပုံစံမျိုးမဟုတ်တော့ဘူး ပိုးကအရမ်းပြန့်နေတဲ့အခါကျတော့လေ စာအုပ်တွေ ကနေ တဆင့်ကူးစက်မှာစိုးလို့ အားလုံးရပ်ထားလိုက်တယ်။ အရင်က ဘာသိဘာသာနေတဲ့ လူငယ်တွေတောင် Mobile Library ရွေ့လျား စာကြည့်တိုက်တွေကြောင့် စာဖတ်လာကြတာတယ်လေ အခုလို ဦးမော့အရှိန်ရလာတဲ့ အချိန်မှာ စာကြည့်တိုက်တွေ ရပ်နားထားလိုက်ရတော့ စာဖတ်ရှိန်မြင့်ဖို့ ကြိုးစားနေတဲ့ ကျွန်မတို့ရဲ့ ရည်မှန်းထားတာက နည်းနည်းလေး အခက်အခဲဖြစ်သွားတာပေါ့ဟု သူမက ပြောသည်။

 ကျောက်ဖြူတွင် ကိုဗစ်ကြောင့် ရွေ့လျား စာကြည့်တိုက်များကို ရပ်နားထားရသော်လည်း စာဖတ်သူ လျော့ကျမသွားရန်  တစ်ပတ်ကိုနှစ်ရက်ကျစီဖြင့် ဖတ်မည့်သူများဆီသို့ အိမ်တိုင်ရာရောက် လိုက်ပို့ပေးနေကြောင်း  ကျောက်ဖြူမြို့ စာပီကမ်းခြီအဖွဲ့မှ ကိုနေစိုးနိုင်က နိရဥ္စရာသို့ပြောသည်။

ကိုဗစ်ပိုးတွေ့လူနာတွေရှိလာလို့ ကမ်းခြေမှာတော့ ရွေ့လျားစာကြည့်တိုက်ကို ကျွန်တော်တို့ တစ်ပတ်ဘဲ လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့  အခု စာအုပ် ၁၀၀ ၊ ၅၀ လောက်ကို Page ပေ့ချ် မှာတင်လိုက်တယ် အဲ့စာအုပ်တွေကို တစ်ပတ်မှာ နှစ်ရက် ဖတ်မဲ့လူတွေကို အိမ်ထိလိုက်ပို့ပေးပါတယ်။ သောကြာနေ့မှာ ဖေ့စ်ဘုတ် ပေါ်တင်ပြီး စနေ၊ တနင်္ဂနွေမှာ လိုက်ပို့ပေးပါတယ်။ ယူတဲ့အခါလည်း အဲဒီစာအုပ်ပြန်ကောက်ပြီး နောက်ထပ် အသစ်ပေးပါတယ်။ ကိုဗစ်ပြီးသွားရင်တော့ ကမ်းခြေမှာ သေချာပြန်လုပ်သွားပါမယ်ဟု ပြောသည်။

အိမ်တွင်း နေထိုင်ကြသည့် Stay at home ကာလတွင်  social media လူမှုစာမျက်နာ ကွန်ယက်ပေါ်က တစ်ဆင့် ပီဒီအက်ဖ်ဖိုင်များဖြင့် ၀တ္ထု၊ ဆောင်းပါး၊ ကဗျာများ တင်ပေးသလို ကဗျာရွတ်ပွဲများလည်း ပြုလုပ်ပေးခဲ့ကြောင်း စစ်တွေ စာပီလီညှင်း mobile library မှ ကိုငြိမ်းချမ်းက ပြောသည်။

အခြေနေမဆိုးခင်တုန်းကတော့ Delivery နဲ့ပို့ပေးတာတွေရှိတယ်။ ရောဂါတွေပြင်းလာတဲ့ Stay at home ကာလမှာတော့ Green Sittwe Page ပေါ်ကနေ pdf ဖိုင်တွေတင်ပေးတယ် ကဗျာ ရွတ်ပေးတာတွေ ရှိတယ်။ အခြေနေတွေငြိမ်သွားရင်တော့ Mobile Library တွေပြန်ဖွင့်သွားမှာပါဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့ တွင်မူ ကိုဗစ်စည်းကမ်းနဲ့အညီ ရုံးတွင်လာဖတ်လို့ရအောင် စီစဉ်ပေးထားကြောင်း စာပီဗရီအသင်းမှ မမြတ်သုနိုင်က ပြောသည်။

ကိုဗစ်ကာလ လူစုလူဝေးမဖြစ်အောင်ရပ်ထားပါတယ်။ ရုံးကိုသိတဲ့လူတွေကတော့ စာအုပ်တွေ လာငှားကြတယ်။ လူစုလူဝေးလည်းမဖြစ်အောင် တစ်ယောက်ချင်းတစ်ယောက်ချင်းစီ လာဖတ်ကြ၊ လာငှားကြတာလည်းရှိတယ်လို့ ပြောသည်။

 ရမ်းဗြဲမြို့ရှိ ရွေ့လျားစာကြည့်တိုက်သို့ သွားရောက်စာအုပ်များဖတ်ခဲ့သည့် မစုထက်ဝေက လိုင်းပေါ်က စာဖတ်ရသဖြင့် အခက်ခဲများ ရှိနေကြောင်း ပြောဆိုသည်။

အခုလိုပိတ်ထားလိုက်တာလည်းတမျိုးကောင်းပါတယ် စိတ်ချရတာပေါ့၊ အရင်ကတော့ သူငယ်ချင်းတွေနဲ့သွားလို့လာလို့ ပျော်ပျော်ပါးပါးဖတ်ရတော့ အဆင်ပြေတယ်၊ စာအုပ်တွေလည်း စုံတယ် စာအုပ်ကိုင်ပြီးလည်းဖတ်ရတယ်အခုတော့ ဖုန်းနဲ့ဘဲ ဖတ်ရတာပေါ့ ဖုန်းဘေလ်တွေလည်း တအားကုန်တယ်ု ပြောသည်။

ရခိုင်မှ ရွေ့လျားစာကြည့်တိုက်များကို များမကြာမီက  စစ်တွေ၊ မြောက်ဦး၊ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ကမ်းထောင်းကြီး၊ ပုဏ္ဏားကျွန်းစသည့် မြို့နယ်အသီးသီးတွင် လူငယ်များဦးဆောင်ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း စာဖတ်သူတိုးပွားလာရေးနှင့် စာပေ လက်နက်ဖြင့် တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ၎င်းစာကြည့်တိုက်များကို ဖွင့်လှစ်ထားကြသည်ဟု သိရသည်။

 ၎င်းစာကြည့်တိုက်များတွင် သုတစာပေ၊ ရသစာပေ၊ ကလေးများအတွက်စာအုပ်များ၊ ဘာသာပြန်စာပေများနှင့် ရခိုင်စာအုပ်စာပေများကို ထားရှိပြီး မိမိကြိုက်နှစ်သက်ရာ စာအုပ်များကို  အခမဲ့ငှားယူဖတ်ရူနိုင်ရန် စီစဉ်ထားကြသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ