သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အကြပ်အတည်း ၃ ရပ်ကြောင့် လာမည့်ခြောက်လအတွင်း လူပေါင်း ၃ ဒဿမ ၄သန်းကျော် ငတ်မွတ်ခေါင်းပါးမှုကြုံရနိုင်ကြောင်း WFP ခန့်မှန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.8k

နိရဉ္စရာ၊ ဧပြီ ၂၄/၂၀၂၁

 

မြန်မာနိုင်ငံတွင် အကြပ်အတည်း (၃) ရပ်ကြောင့် လာမည့်ခြောက်လအတွင်း လူပေါင်း ၃ ဒဿမ ၄သန်းကျော် ငတ်မွတ်ခေါင်းပါးမှုကြုံရနိုင်ကြောင်း  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ခန့်မှန်းထားသည်ဟု ဧပြီ ၂၂ ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲထုတ်ပြန် ပြောဆိုသည်။

 

ရှိနှင့်ပြီးသော ဆင်းရဲမွဲတေမှု၊ COVID-19 နှင့် လက်ရှိ နိုင်ငံရေး အကြပ်အတည်းတို့၏ သုံးပွင့်ဆိုင် သက်ရောက်မှု သည် ငတ်မွတ်ခေါင်းပါးခြင်းနှင့်  စိတ်ပျက်အားငယ်မှုများ သိသာစွာ မြင့်တက်လာခြင်းကို ဦးတည်စေသည်ဟု WFP က ဆိုသည်။  

 

လာမည့်ခြောက်လအတွင်း လူပေါင်း ၃ ဒသမ ၄ သန်းကျော်သည်  ငတ်မွတ်ခေါင်းပါးမှုဒဏ် ကြုံရဖွယ်ရှိသည်ဟု WFP က ခန့်မှန်းထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများရှိ ဆင်းရဲချို့တဲ့သောမြို့နယ်များနှင့် လတ်တလော လူအများ ရွှေ့ပြောင်း လာခဲ့သော အခြားဒေသများရှိ ထိခိုက်လွယ်သူပေါင်း ၂ သန်းအထိဆီသို့ ရောက်ရှိစေမည့် အစီအစဉ်သစ် တစ်ခုကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆိုသည်။

 

မတ်လအတွင်းက WFP သည် ချင်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်  ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ လူပေါင်း ၃၇၄,၀၀၀ ကို ထောက်ပံ့ကူညီခဲ့သည်။  

 

လာမည့်လများအတွင်း  မြန်မာနိုင်ငံတွင်  WFP မှ  ထောက်ပံ့လျှက်ရှိသော လူဦးရေမှာ  ၁ ဒသမ ၃ သန်းမှ ၃ ဒသမ ၃ သန်း အထိ သုံးဆနီးပါး ရှိလာမည် ဖြစ်သည်။ ယင်းကဲ့သို့ ထောက်ပံ့ကူညီပေးနိုင်ရန်  အေဂျင်စီအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၆ သန်း အရေးပေါ် လိုအပ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ