ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

အိန္ဒိယကောင်စစ်ဝန်ရုံးမှ စစ်တွေတွင် သုံးဘီးယာဉ် အရောင်းပြပွဲလုပ်ပြီး စျေးလျှော့၍ ရောင်းချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 7.7k

အောင်လင်းထွန်း
နိရဥ္စရာ၊ ၁ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အိန္ဒိယကောင်ကောင်စစ်ဝန်ရုံးမှ ယနေ ဇန်နဝါရီ ၁ဝ ရက်နေ့တွင် နှစ်ဘီးနှင့် သုံးဘီးဆိုင်ကယ် အရောင်းပြပွဲတစ်ခုကို ကျင်းပြုလုပ်ပြီး  သုံးဘီးယာဉ်များကို အထူလျှော့စျေးဖြင့် ရောင်းချခဲ့သည်ဟု သတင်းရရှိသည်။ 

အဆိုပါ အရောင်းပြပွဲတွင် သုံးဘီးဆိုင်ကယ် အမျိုးအစား သုံးမျိုးပြသခဲ့ကြောင်း၊ ၎င်းတို့မှာ  BAJAJ RE/ BAJAJ Maxima C/ BAJA Maxima Z တို့ဖြစ်ကြကြပြီး ယာဉ် တစ်စီးကို  ၃ သိန်း လျှော့စျေးဖြင့် ရောင်းချပေးနေသည်။

“ဒီပွဲကိုတော့ စစ်တွေမှာရှိတဲ့  အိန္ဒိယကောင်စစ်ရုံးက ရက်သတ်မှတ်ပြီးတော့ တစ်ရက်တည်း ကျင်းပတာပါ။ ဒီနေ့မှာတော့ အထူလျှော့စျေးနဲ့ ရောင်းနေတယ်။ ပုံမှန်ရောင်းနေတဲ့ စျေးထက် သုံးသိန်းလျှော့စျေးနဲ့ပါ။ ဒီသုံးဘီကို မြန်မာတစ်နိုင်ငံလုံးမှာ ဝယ်လို့ရပါတယ်” ဟု BAJAJ ကုမ္ပဏီ မှ မန်နေဂျာ ကိုဖြိုးမင်းစိုးမှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၎င်း  အရောင်းပြပွဲကို စစ်တွေ ကမ်းနားလမ်း SS Food Centre  တွင် ပြုလုပ်ခဲ့သည်။ ၎င်းသုံးဘီဆိုင်ကယ်များကို အဆင့်မီ ခေတ်သစ်နည်းပညာများဖြင့်ပြုလုပ်ထားကြောင်းသိရသည်။

BAJAJ ကုမ္ပဏီမှရောင်းချနေသော သုံးဘီးဆိုင်ကယ်မှ BAJAJ RE ကို မူရင်းစျေး ၄၉ဝဝဝဝဝ သိန်းရှိပြီး  ယနေ့တွင် ၄၆ဝဝဝဝဝ သိန်းဖြင့် ၃ သိန်း လျှော့ပြီး ရောင်းချခဲ့သည်။

အလားတူ  BAJAJ Maxima C မူရင်းစျေး ၅၆၅ဝဝဝဝ သိန်းကို ၅၄၅ဝဝဝဝ သိန်းဖြင့်လည်းကောင်း၊  BAJAJ Maxima Z မူရင်းစျေး ၅၆၅ဝဝဝဝ သိ်န်းကို ၅၄၅ဝဝဝဝ သိန်း အထးူလျှော့စျေးဖြင့်လည်းကောင်း လျှော့၍ ရောင်းချပေးခဲ့သည်။


“ ကျနော်က ဒီကသုံးဘီးကိုဝယ်သုံးနေတာပါ။ ဝယ်တာကတော့ အရစ်ကျနဲ့ဝယ်ထားတယ်။ တစ်လကို နှစ်သိန်းကျော်ပေသွင်းရတယ်။ မောင်းရတာ အဆင်ပြေတယ်။ ပေါ့ပေါ့ပါးပါးနဲ့ပါ”ဟု သုံးဘီးဝယ်ယူသုံးစွဲသူ ဦးသိန်းသန်းနိုင်မှ ပြောသည်။

၎င်းပွဲပြုလုပ်သည့် နေ့တစ်ရက်သာ အထူးလျှော့စျေးဖြင့် ရောင်းချခြင်းဖြစ်ပြီး နောက်နေ့များတွင် ပုံမှန် စျေးဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပွဲ အခမ်းအနားကို ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ပုန်ဘွေ မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိတ်ပါဝင်စားသူ လူပေါင်း တစ်ရာခန့် တက်ရောက်ခဲ့သည်။

-----------------------

Unicode:



နိရဉ်စရာ၊ ၁ဝ/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ