သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကိုရီးယားစီးပွားရေးလုပ်ငန်း ၁ဝဝ ကျော် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရ်ှသို့ပြောင်းရွေ့လိုသည်ဟု သတင်းဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 7.8k

နိရဥ္စရာ၊ မေ ၁/ ၂ဝ၂ဝ

တောင်ကိုရီးယားကုမ္ပဏီ ၁ဝဝ ကျော်ခန့်သည် သူတို့၏ စီးပွားရေးလုပ်ငန်းများအတွက် '' သင့်လျော်သောပတ်ဝန်းကျင် '' မရှိခြင်းကြောင့် သူတို့၏ စီးပွားရေးကို မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရ်ှသို့ပြောင်းရွှေ့လိုကြသည်ဟု ဘင်္ဂလားဒေ့ရ်ှစီးပွားရေး ဇုန်အာဏာပိုင်အဖွဲ့ (BEZA)က ပြောဆိုကြောင်း Bdnews24.com တွင် သတင်းဖော်ပြသည်။

BEZA က တနင်္လာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ပြတ်လပ်မှုနှင့် ရေပေးဝေမှု မလုံလောက်မှုများ အပါအဝင် အခြေခံ စီးပွားရေး အဆောက်အအုံများနောက်ပြန်လှည့်မှုနှင့် အခြားပြဿနာများကြောင့် ကိုရီးယား ကုမ္ပဏီများ၏ တစ်ခြားရွေးချယ်စရာ ဦးတည်ရာလမ်းကြောင်း တစ်ခုအဖြစ် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံကို သတ်မှတ်လာခဲ့သည်။

တောင်ကိုရီးယားရင်းနှီးမြှုပ်နှံသူများသည်ဘင်္ဂလားဒေ့ရ်ှစီးပွားရေးဇုန်များတွင်ရင်းနှီးမြှုပ်နှံရန်စိတ်အားထက်သန်နေကြသည်ဟု BEZA မှပြောကြားသည်။ ကိုရီးယားစက်မှုလက်မှုလုပ်ငန်းစုလီမိတက် (KIC) သည် အရှေ့ အာရှမှ ကုမ္ပဏီ ၁ဝဝ ဖြင့် ဘင်္ဂလားဒေ့ရ်ှတွင် စက်မှုဇုန်တစ်ခု ဖွင့်လှစ်ရန် စိတ်ဝင်စားသည်။

KIC သည် ၂ဝ၁ခုနှစ်တွင် မြန်မာနိုင်ငံ ပဲခူးနှင့် မွန်ပြည်နယ်ရှိ စက်မှုဇုန် နှစ်ခုတွင် စတင် လုပ်ကိုင်ခဲ့သော်လည်း အခြေခံအဆောက်အအုံ၊ လျှပ်စစ်နှင့် ရေပေးဝေရေး ပြဿနာများကြောင့် ကိုရီးယားကုမ္ပဏီများ ထွက်ခွာရန် အမြန် စဉ်းစား လာစေသည်။

ထို့ကြောင့် KIC သည်ဘင်္ဂလားဒေ့ရ်ှတွင်စက်မှုဇုန်တည်ဆောက်ရန်အစီအစဉ်များရေးဆွဲခဲ့ပြီးထိုနေရာတွင်နေရာချပေးမည့်ကုမ္ပဏီ ၁ဝဝ ကိုရွေးချယ်ခဲ့သည်။

သူတို့က ကနဦး ရင်းနှီးမြှုပ်နှံမှု အဖြစ် ဒေါ်လာသန်း ၅ဝဝ ကို သတ်မှတ်ထားပြီး မြေဧက ၄ဝဝ တွင် အထည်အလိပ်၊ သားရေနှင့် ရတနာ ထုတ်ကုန်များ ထုတ်လုပ်ရန်စက်ရုံများ တည်ထောင်ရန် အဆိုပြုထားသည်ဟု ဆိုသည်။

KIC ၏အမှုဆောင်အရာရှိချုပ် Bae-Ho Cho ကအစိုးရနှင့် BEZA အနေဖြင့် ၎င်းတို့အား မြေယာ လုံခြုံမှု ရှိစေရန် ကူညီပေးပါက ကိုရီးယားများအနေဖြင့် ချက်ချင်းအလုပ်လုပ်နိုင်မည်ဟုပြောကြားခဲ့သည်။

ရေရှည် တည်တံ့ခိုင်မြဲသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး စက်မှုလုပ်ငန်းများ တည်ဆောက်ရန်နှင့် လိုအပ်သော အဆင်ပြေမှုများ အားလုံးကိုပေးအပ်ရန် အာဏာပိုင်များကို ကတိကဝတ်ပြုထားခြင်းဖြစ်သည်ဟု BEZA ၏အမှုဆောင်ဥက္ကဋ္ဌ Paban Chowdhury ကပြောကြားသည်။ ရလဒ် အနေဖြင့်တရုတ်၊ ဂျပန်၊ အိန္ဒိယတို့ကဲ့သို့သော နိုင်ငံများသည် ဘင်္ဂလားဒေ့ရ်ှတွင် စီးပွားရေးဇုန်များ ထူထောင်နေကြသည်။

ကိုရီးယားကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများသည်ဘင်္ဂလားဒေ့ရ်ှအတွက် အခွင့်အလန်း အသစ်များကို ဖွင့်ပေးလိမ့်မည်ဖြစ်ပြီး နောက်ဆုံး အဆိုပြုချက်တင်သွင်းပြီးနောက်စီမံကိန်းကိုအကောင်အထည်ဖော်သွားမည်ဟုသူကပြောကြားခဲ့သည်။


----------------------


နိရဉ်စရာ၊ မေ ၁/ ၂ဝ၂ဝ



















ဆက်စပ် သတင်းများ