ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွင် တပ်ထောက်ခံပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

အိမ်စိုးဖြူ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁ဝ/ ၂ဝ၂၁

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ယနေ့ နံနက် ၈ နာရီခန့်က တပ်မတော် ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းထောက်ခံပွဲကို အားကစားရုံခမ်းမ အနောက်ဖက်ကွင်းတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၅ဝဝ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂ဝ၂ဝ ပြည့်နှစ်ပါတီစုံရွေးကောက်ပွဲ၌ ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစိုးသိန်းကို ဆက်သွယ်ရာ ၎င်းဆန္ဒဖော်ထုတ်ပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူအများအပြားတက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိကြောင်း ပြောကြားသည်။

“ကြံ့ခိုင်ရေးက ဦးဆောင်ပြီးလုပ်တာလို့သိရတယ် လူငါးရာလောက်ပါတယ်လို့သိရတယ်။ အဲဒီ စစ်ရှောင်စခန်းမှာ လူ ၁၇ဝဝ ကျော်ရှိတယ်။ အဲဒီမှာ ငါးရာလောက် တက်ကြတာ” ဟု ၎င်းကပြောသည်။

စစ်တွေမြို့တွင်လည်း တပ်မတော်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း စစ်မှုထမ်းဟောင်းများဦးဆောင်ကာ လူပေါင်း ၁ဝဝ ကျော်က တပ်မတော် ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့သည်။

ဆက်စပ် သတင်းများ