- Web Master
- ၃၀ ဇန်နဝါရီ ၂၀၂၂
ဇွဲထက်မာန်သံတွဲ၊ ဖေဖော်ဝါရီ ၁၁ / ၂ဝ၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုကို ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီခန့်မှစတင်ခဲ့သည့်အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် လူအင်အား ၂ ထောင်ခန့်ပါဝင်ခဲ့သည်ဟု သိရသည်။ယင်းအထဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI)မှ ကျောင်းသားများ၊ အခြေခံပညာကျောင်းဆရာ၊ ဆရာမများ၊ သံတွဲမြို့ပေါ်မှဒေသခံများအပါအဝင် နယ်ကျေးရွာများကလည်း ပူးပေါင်းခဲ့ကြသည်။