ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ALD ဗဟိုတွဲဘက်အတွင်းရေးမှူးတို့အမှု နှစ်ကြိမ်ရုံးချိန်းပျက်၍နစ်နာမှုရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၁၈ / ၂၀၂၁

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ၍ တောင်ကုတ်မြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဗဟို တွဲဘက်အတွင်းရေးမှူး ကိုကျော်ကျော်လင်းနှင့် တခြား နှစ်ဦးတို့အမှုမှာ ရုံးချိန်းကြိမ်တိတိ ပျက်၍ နစ်နာမှုများရှိကြောင်း မိသားစုများက ပြောသည်။  

တောင်ကုတ်မြို့နယ် (ALD) တွဲဖက်အတွင်းရေးမှူး ကိုအောင်မင်းနိုင်က ဒီနေ့ရုံးချိန်းမှာလည်း တရားသူကြီးမရှိဆိုပြီးတော့ မစစ်ဖြစ်ဘူး။ သူတို့ကို ပထမတစ်ကြိမ်နဲ့ ဒုတိယတစ်ကြိမ် ၂ ကြိမ်ပဲ ရုံးထုတ်ခဲ့တယ်။ တတိယအကြိမ်ရုံးချိန်းကိုကျတော့ ဟိုရက်ကိုချိန်း၊ ဒီရက်ကိုချိန်းနဲ့ ရုံးမထုတ်ဖြစ်ဘူး။ အဲလိုမျိုးအကြောင်းတွေပြပြီးတော့ ရုံးချိန်းတွေကို ရွေ့ဆိုင်းနေတယ်။ ဘာကြောင့် ရုံးမထုတ်တာလဲဆိုတာကို ကျနော်တို့လည်း မပြောတတ်ဘူး။ ရုံးထုတ်တယ်ဆိုလိုရှိရင် ပြစ်ဒဏ်ချသင့်တယ်ဆိုရင်လည်းချ။ လွတ်သင့်တယ်ဆိုရင်လည်း မြန်မြန်ဆန်ဆန်လွတ်လို့ရတယ်။ အခုက ရုံးမထုတ်ဘဲ ကြာနေတော့ တရားခံတွေအတွက် နစ်နာတာပေါ့။ဟုပြောသည်။

ယနေ့ရုံးချိန်းတွင် မြို့နယ်တရားသူကြီး သံတွဲမြို့သို့ အစည်းအဝေးသွားနေသဖြင့် မစစ်ဆေးခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ အထက်တန်းရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

ဒီနေ့ရုံးချိန်းမှာတော့ တရားသူကြီးမရှိတဲ့အတွက် မစစ်ဖြစ်ဘူး။ ဟိုတစ်ပတ်ကလည်း ကျနော်တို့ စစ်ဖို့လုပ်နေတာ မီးပျက်သွားတဲ့အတွက် မစစ်ဖြစ်လိုက်ဘူး။ သူတို့ကိုက video conferencing နဲ့ပဲ ရုံးထုတ်တာလေ။ အဲဒါကြောင့် မီးပျက်သွားတဲ့အတွက် မစစ်ဖြစ်ဘူး။ အဲဒီနေ့ကတော့ သက်သေတွေလည်းရောက်ပါတယ်။ သူတို့ကို ရုံးထုတ်မစစ်ဆေးတာ ၃ ပတ်ရှိ ရှိပြီး။ သုံးပတ်ဆိုရင်တော့ တစ်လခွဲလောက်ရှိပြီးပေါ့။ နှစ်ပတ်တစ်ကြိမ် ရုံးချိန်းတာဆိုတော့လေ ဟုပြောသည်။

၄င်းတို့၏ အမှုအား လာမည့် ဇွန်လ ၁ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရှိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုတွဲဘက် အတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တောင်ကုတ်မြို့ရှိ ကိုမင်းလှိုင်ထွန်း (ခ) သားသားကြီး၊ ကိုဇာနည်ထူးထူးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြန်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် သူတို့အား တောင်ကုတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုဦးစီး ဦးမောင်ထွီးခိုင်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့မှ (ALD) ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကိုလည်း CDM လုပ်ရှားမှု၌ ပါဝင်သွားကြောင့် ပြီးခဲ့သော မတ်လ ၁၀ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ